邹立莹

တရုတ်သည် တရုတ်-အာဆီယံကုန်စည်ပြပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် အံ့သြဖွယ်ကောင်းသည်ဟု တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးဆို

(GMT+08:00)2020-11-30 14:13:20  

တရုတ်သည် တရုတ်-အာဆီယံကုန်စည်ပြပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက်  အံ့သြဖွယ်ကောင်းသည်ဟု တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီးဆို

  နိုဝင်ဘာလ ၂၇ရက်နေ့မှ ၃၀ရက်နေ့အထိ ၁၇ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ကွမ်ရှီး ကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့တော်တွင် ကျင်းပခဲ့သည်။ နိုဝင်ဘာလ ၂၈ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး ကျိုးဟောင်လီက China Media Groupမှ သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာ လက်ရှိအချိန်ကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တစ်ကမ္ဘာလုံး၌ ဖြစ်ပွားနေသေးသဖြင့် ကမ္ဘာ့စီးပွားရေး ဆိုးရွားစွာထိခိုက်ပြီး အခက်အခဲများစွာ ရင်ဆိုင်နေ ရကြောင်း၊ တရုတ်သည် ယင်းကဲ့သို့ ကြမ်းတမ်းခက်ခဲသော အချိန်ကာလတွင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည်  အံ့သြဖွယ် ကောင်းကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။