邹立莹

၁၇ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် စာချုပ်ချုပ်ဆိုသည့် လုပ်ငန်းစဉ်များ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ ယွမ်ငွေ ၂၆၃.၈၇ ဘီလီယံ ရှိ

(GMT+08:00)2020-11-29 16:32:49  

၁၇ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ စာချုပ် ချုပ်ဆိုပွဲကို ယခုလ ၂၇ရက်နေ့တွင် ကွမ်ရှီး နန်နင်းမြို့၌ ကျင်းပခဲ့ရာ ဘက်အသီးသီးတို့သည်  ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် စုစုပေါင်း ၈၆ ခုကို စာချုပ်ချုပ်ဆိုကာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ တရုတ်ယွမ်ငွေ ၂၆၃.၈၇ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ်ကထက် ၄၃.၆ ရာခိုင်နှုန်း တိုးများလာ၍ တရုတ်-အာဆီယံ ကုန်စည်ပြပွဲကျင်းပခဲ့သော နှစ်များအတွင်းတွင် တိုးတက်မှုနှုန်းအမြင့်ဆုံး ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။