辛甜

အွန်လိုင်း မီဒီယာဝန်ထမ်းများ မွမ်းမံသင်တန်း ဖွင့်လှစ်

(GMT+08:00)2020-11-28 10:54:32  

နိုဝင်ဘာလ ၂၅ ရက်နေ့က တရုတ် နိုင်ငံတော် အသံလွှင့် ရုပ်မြင်သံကြား ဦးစီးဌာနချုပ် ဦးစီးကျင်းပတဲ့ မြန်မာ မီဒီယာ ပေါင်းစည်းရေးနဲ့ ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်ရေး အွန်လိုင်း  မွမ်းမံသင်တန်းကို စတင် ကျင်းပခဲ့ရာ တရုတ်  နိုင်ငံတော် အသံလွှင့် ရုပ်မြင်သံကြား ဦးစီးဌာနချုပ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ဒုတိယညွှန်ချုပ် Mr. Yan Chengsheng ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Yang Shouzheng နဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာတို့ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းအရ သိရပါတယ်။

ဒီအကြိမ် အွန်လိုင်း မွမ်းမံသင်တန်းရဲ့ ဆောင်ပုဒ်ဟာ “ အင်တက်လျစ်ဂျင် သိပ္ပံ နည်းပညာသစ်များကို မျှဝေခြင်း၊ မီဒီယာသစ်၏ ဥာဏ်ရည်ကောင်းများ စုစည်းခြင်း၊ ပူးပေါင်းဆောင်ရွက်မှုသစ်များကို လက်တွဲ ဖန်တီးခြင်း” ဖြစ်ပါတယ်။ China Media Group မှ မီဒီယာသမားများ၊ NRTAမှ ပညာရှင်များ၊ Alibaba ယဉ်ကျေးမှုနဲ့ ဖျော်ဖြေရေး ဌာန မှ ကျွမ်းကျင်သူများအပါအဝင် တရုတ်ပြည် မီဒီယာနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များက မိမိရဲ့ အတွေ့အကြုံများကို မျှဝေပေးကြမှာ ဖြစ်ကြောင်း သတင်းအရ သိရပါတယ်။