辛甜

RCEP သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်-အာဆီယံကုန်စည်ပြပွဲ ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်စေမည်ဟု ရွှီနင်နင်ဆို

(GMT+08:00)2020-11-28 10:37:08  

တရုတ်-အာဆီယံကုန်သွယ်ရေးကောင်စီ အမှုဆောင် ဥက္ကဋ္ဌ ရွှီနင်နင်က RCEP ချုပ်ဆိုခြင်းသည် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် အတွက် ပိုမို အကျိုးရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်မှု နက်ရှိုင်းစေရေး အတွက်လည်း အကျိုးရှိမည်ဖြစ်ကြောင်း၊ RCEP သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်စေမည်ဖြစ်ကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတွင် ယခုအထိ တရုတ်-အာဆီယံကုန်စည်ပြပွဲလို အတိုင်းအတာကြီးမားသော၊ အာဆီယံ ၁၀နိုင်ငံ နှင့်အတူ ကျင်းပသော ကုန်စည်ပြပွဲ မရှိသေးကြောင်း၊ လွန်ခဲ့သော ၁၇နှစ်အတွင်း တရုတ်-အာဆီယံကုန်စည်ပြပွဲသည် ဘက်အသီးသီး၏ ထောက်ခံမှုခြင့် ထူးခြားသည့် အားသာချက်ဖြစ်တည်လာပြီး RCEP အဖွဲ့ဝင်နိုင်ငံများအတွက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ပလက်ဖောင်း တစ်ခုဖြစ်နိုင်မည် ဖြစ်ကြောင်း မကြာခင်က မီဒီယာများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ပါသည်။