辛甜

၁၇ ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲ စုစုပေါင်းပြခန်းနေရာ ၅၄၀၀ ခုရှိ

(GMT+08:00)2020-11-28 10:35:51  

   ၂၇ ရက်နေ့က တရုတ်နိုင်ငံ နန်နင်းမြို့၌ ဖွင့်လှစ်ခဲ့သည့် ၁၇ ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲသည် အကျယ်အဝန်း စတုရန်းမီတာ  ၁ သိန်း ၄ ထောင် ရှိပြီး ပြခန်းနေရာ စုစုပေါင်း ၅၄၀၀ ခု ရှိကြောင်း၊ တရုတ်ကုမ္ပဏီများသည် ပြခန်းနေရာ ၄၆၀၀ ခု  အသုံးပြုပြီး အာဆီယံနိုင်ငံများ၏ ပြခန်းနေရာ ၅၇၄ ခု ရှိကြောင်း၊ “ Belt and Road” အပြည်ပြည်ဆိုင်ရာဇုန် ပြခန်းနေရာ ၂၂၉ ခုရှိပြီး ပါကစ္စတန်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အိန္ဒိယ၊ အီရန်၊ ပြင်သစ် စသည့် အထူးဖိတ်ခေါ်ထားသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် နိုင်ငံ ၂၂ နိုင်ငံ ပါဝင်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။