辛甜

အွန်လိုင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် တစ်နှစ်တာလုံး လည်ပတ်မည်

(GMT+08:00)2020-11-28 10:34:57  

   ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံ နန်နင်းမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ကုန်စည်ပြပွဲသည် ပထမဆုံး အကြိမ် အဖြစ်ဖြင့် အွန်လိုင်းနှင့် အော့ဖ်လိုင်း ပေါင်းစပ်ပြီး ကျင်းပလျက်ရှိကြောင်း၊ တရုတ်ပြည်တွင်းရှိ ကုန်သည်များနှင့် နိုင်ငံခြားလုပ်ငန်းဌာနများသည် အဓိကအားဖြင့် အော့ဖ်လိုင်း ပြပွဲတွင် ပါဝင်ခြင်း ဖြစ်ပြီး ပြည်ပကုန်သည်များသည် အဓိကအားဖြင့် အွန်လိုင်းဖြင့် ပါဝင်ခြင်း ဖြစ်ကြောင်း၊ အွန်လိုင်း ပြပွဲတွင် ပါဝင်သည့် ကုမ္ပဏီ စုစုပေါင်း ၁၅၈၁ ခု ရှိကြောင်း၊ အွန်လိုင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲသည် တစ်နှစ်တာလုံး လည်ပတ်မည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။