辛甜

တရုတ် အဆိုပြုချက်များသည် ပိုမို ရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်းကို အားသစ်လောင်းပေး

(GMT+08:00)2020-11-27 19:49:06  

တရုတ် အဆိုပြုချက်များသည် ပိုမို ရင်းနှီးသော တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်းကို အားသစ်လောင်းပေး

ဒီလ ၂၇ ရက်နေ့မှာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ရှီကျင့်ဖိန်က ပိုမို ရင်းနှီးတဲ့ တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်းကို တည်ထောင်ရမယ်လို့ ပြောကြားပြီး အဆိုပြုချက် လေးရပ်ကိုလည်း တင်ပြထားပါတယ်။
အခြေအနေသစ်မှာ ပိုမို ရင်းနှီးတဲ့ တရုတ်-အာဆီယံ ကံကြမ္မာတူ အသိုက်အဝန်းကို ဘယ်လို တည်ထောင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အဆိုပြုချက် လေးရပ်ကို တင်ပြထားပါတယ်။ ရှီကျင့်ဖိန်က မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ပြီး ဖွံ့ဖြိုးမှု စီမံကိန်းများ ဆက်နွှယ်ရေး ကို ဇောက်ချပြုလုပ်ရန်၊ စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ဒေသတွင်း စီးပွါးရေး ဘက်စုံ နာလန်ပြန်ထူရေးကို တိုးမြှင့်ရန်၊ သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်မှုကို အဆင့်မြှင့်တင်ပြီး ဒီဂျစ်တယ် စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ပြုလုပ်ရန်၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး အများပြည်သူ ကျန်းမာရေး စွမ်းရည်ဆိုင်ရာ တည်ထောင်မှုကို အားသစ်လောင်းပေးရန် တင်ပြထားပါတယ်။
အဲဒါတွေထဲမှာ ဒီဂျစ်တယ် စီးပွါးရေး ဆိုင်ရာ အဆိုပြုချက်ဟာ လူအများရဲ့ အာရုံစူးစိုက်ဖွယ်ရာ ဖြစ်လာပါတယ်။ မကြာခင်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကမ္ဘာ့စီးပွါးရေးဟာ ဒီဂျစ်တယ် ဖြစ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာ ဖြစ်ရေးသို့ ပြောင်းလဲနေပြီး စီးပွါးရေး ဖွံ့ဖြိုးရေးမှာ ဆန်းသစ်တီထွင်ရေးနဲ့ နည်းပညာရဲ့ အရေးကြီးပုံကို ထင်ရှားပေါ်လွင်စေကြောင်း ဖေါ်ပြထားပါတယ်။ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံဟာ အာဆီယံနိုင်ငံများနဲ့ smart မြို့ပြ၊5G ၊ AI ၊ အီး ကုန်သွယ်မှု၊ big data ၊ Blockchain ၊ တာဝေး ဆေးဝါးကုသရေး စတဲ့ နယ်ပယ်များမှာ ပိုမို များပြားတဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖွယ်ရာများကို ရှာကြံလိုကြောင်း၊ ဒီဂျစ်တယ် ပိုးလမ်းမကြီးကို တည်ဆောက်လိုကြောင်း ပြောကြားပါတယ်။
ဒီနှစ်ဟာ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် ဘက်စုံ တည်ဆောက် ပြီးမြောက်ခဲ့တဲ့ ၁၀ နှစ်ပြည့်မြောက်ခြင်း ဖြစ်ပါတယ်။ မကြာခင်က ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက် ဆက်ဆံမှု သဘောတူစာချုပ်ကိုလည်း ပြီးမြောက်အောင် ချုပ်ဆို ခဲ့ပါတယ်။ အဲဒါတွေဟာ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်စေရေး အတွက် အခြေအနေကောင်း ဖန်တီးထားပါတယ်။ တရုတ်ပြည်ရဲ့ အဆိုပြုချက်များဟာ တရုတ်နဲ့ အာဆီယံ စီးပွါးကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ ၁၀ နှစ်တာ ရွှေကာလသစ် ဖွင့်လှစ်ရန်ကို တွန်းအား ပေးနေတယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။