辛甜

ကိုဗစ်-၁၉ ဖြစ်ပွါးချိန်တွင် တရုတ်-အာဆီယံ လုပ်ငန်းနယ်ပယ်များစွာတွင် တိုးတက်လာ၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်း ဖြစ်လာ

(GMT+08:00)2020-11-27 19:47:49  

  ဒီလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၁၇ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို နန်နင်းမြို့တွင် ကျင်းပနေပါသည်။ ကုန်စည်ပြပွဲတွင် ပြခန်း ၅၄၀၀ ကျော် ရှိပြီး အွန်လိုင်း ခင်းကျင်းပြသသည့် လုပ်ငန်းကုမ္ပဏီ ၁၅၀၀ ကျော် ရှိပါသည်။

   တရုတ်နှင့် အာဆီယံနိုင်ငံများသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာ ကုန်ထုတ်စွမ်းအား ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံဖြတ်ကျော် ဖွံ့ဖြိုးရေးဇုန်များ တည်ဆောက်ရေး စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုသည် အဆက်မပြတ် ဖွံ့ဖြိုး တိုးတက်လာပါသည်။ ယခုနှစ်တွင် ကမ္ဘာ့စီးပွါးရေးသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ထိခိုက် ဂယက်ရိုက်ခတ်မှုကြောင့် ကျဆင်းလာပါသည်။ သို့သော် တရုတ်နှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်မှုသည် အဆက်မပြတ် တိုးတက်လာခဲ့ပါသည်။ စီးပွါး ကုန်သွယ်ရေး နယ်ပယ်တွင် ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် အာဆီယံသည် တရုတ်ပြည်၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်လာခဲ့ပါသည်။ ယခုနှစ် ပထမ ၁၀ လအတွင်း နှစ်ဖက်အကြား ကုန်သွယ်မှု ပမာဏမှာ လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၇ ရာခိုင်နှုန်း တိုးလာပါသည်။ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် အာဆီယံနိုင်ငံများ၌ တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှုသည် လွန်ခဲ့သည့်နှစ် ပထမ နှစ်ဝက်ပိုင်းကထက် ၅၃ ရာခိုင်နှုန်း တိုးလာပြီး တရုတ်ပြည်၌ အာဆီယံ၏ ရင်းနှီးမြှုပ်နှံမှုသည်လည်း လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၆ ရာခိုင်နှုန်း တိုးလာသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။