张晓宁

ပီကင်း “ကျန်းမာရေးQRစနစ်” တွင် သက်ကြီးရွယ်အိုနှင့်ကလေးများ ကျန်းမာရေးQRကို အွန်လိုင်း စစ်ကြောမေးမြန်းနိုင်ပြီ

(GMT+08:00)2020-11-26 17:32:02  

နိုဝင်ဘာလ ၂၁ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် ပီကင်း “ကျန်းမာရေး QRစနစ်”တွင် သက်ကြီးရွယ်အိုနှင့်ကလေးများသည် ကျန်းမာရေးQRကို အွန်လိုင်းတွင် စတင် စစ်ကြောမေးမြန်းနိုင်ကြောင်း၊ ယင်းလုပ်ဆောင်မှုသည် အသက်အရွယ် ၆၀ပြည့် အပါအဝင် ၆၀ထက် အသက်ကြီးသော  သက်ကြီးရွယ်အိုနှင့် အသက် ၁၆နှစ် အအောက် ကလေးသူငယ်များ အတွက် ဖြစ်ကြောင်း၊ ယင်း “သက်ကြီးရွယ်အိုနှင့်ကလေးများ ကျန်းမာရေးQRကို အွန်လိုင်းစစ်ကြောမေးမြန်းခြင်း”သည် ကိုယ်ရေးကိစ္စကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်သည့် အခြေခံပေါ်တွင် သက်ကြီးရွယ်အိုများနှင့်ကလေးများ မိုဘိုင်းဖုန်းမပါ သို့မဟုတ် မသုံးတတ်သောအခြေအနေမျိုးကို ရည်ရွယ်၍ ပုံမှန် အပြင် ထွက်သော ပြဿနာများကို ဖြေရှင်းနိုင်ကြောင်း သတင်းရရှိပါသည်။