马宁

တရုတ်-မြန်မာ သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ်၇၀ပြည့်မြောက်ခြင်း၊ “မြန်မာနိုင်ငံ ယဉ်ကျေးမှုနေ့”လှုပ်ရှားမှုကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ကျင်းပ

(GMT+08:00)2020-11-25 16:22:28  

တရုတ်-မြန်မာ သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ်၇၀ပြည့်မြောက်ခြင်း၊ “မြန်မာနိုင်ငံ ယဉ်ကျေးမှုနေ့”လှုပ်ရှားမှုကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ကျင်းပ

  နိုဝင်ဘာလ ၂၄ရက်နေ့က တရုတ်-မြန်မာသံအဆက်အသွယ်ထားရှိခဲ့သည့် နှစ်၇၀ပြည့် မြောက်ခြင်း၊“မြန်မာနိုင်ငံယဉ်ကျေးမှုနေ့”လှုပ်ရှားမှုကို ပီကင်းမြို့ရှိ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ ကျင်းပခဲ့ပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နယ်နိမိတ်နဲ့ သမုဒ္ဒရာရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးဟောင်း) ဟုန်လျန့်၊ ယဉ်ကျေးမှုနဲ့ခရီးသွားဝန်ကြီးဌာန နိုင်ငံတကာကူးလူးဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ကျန်းဟွာ၊ တရုတ်-မြန်မာစီးပွားရေးယဉ်ကျေးမှု ကူးလူး ဖလှယ်ရေးစင်တာ အတွင်းရေးမှူးချုပ် ဝူစိန်တို့ဟာ ဒီလှုပ်ရှားမှုကို တက်ရောက် ခဲ့ကြ ပါတယ်။

တရုတ်-မြန်မာ သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ်၇၀ပြည့်မြောက်ခြင်း၊ “မြန်မာနိုင်ငံ ယဉ်ကျေးမှုနေ့”လှုပ်ရှားမှုကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ကျင်းပ

  တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမျိုးသန့်ဖေက ဒီနှစ်ဟာ တရုတ်-မြန်မာ သံအဆက်အသွယ်ထားရှိခဲ့တဲ့ နှစ်၇၀ပြည့်နှစ်ဖြစ်တယ်။ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဟာ ရှေးပဝေသဏီခေတ်က စတင်တည်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုဟာ သမိုင်း နှစ်ပေါင်း တစ်ထောင်ကျော်ရှိပြီး “မြန်မာနိုင်ငံ ယဉ်ကျေးမှုနေ့” လှုပ်ရှားမှုကို ကျင်းပခြင်းဖြင့် မိတ်ဆွေများကို မြန်မာ့ယဉ်ကျေးမှုရဲ့ အနုပညာလက်ရာတွေ၊ အကတွေ၊ မြန်မာ အစားအစာတွေနဲ့ ရှုခင်းသာယာလှပတဲ့ ခရီးသွားနေရာတွေကို မိတ်ဆက်ပေးပါတယ်လို့ ပြောကြားခဲ့ပါတယ်။

တရုတ်-မြန်မာ သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ်၇၀ပြည့်မြောက်ခြင်း၊ “မြန်မာနိုင်ငံ ယဉ်ကျေးမှုနေ့”လှုပ်ရှားမှုကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ကျင်းပ

  ယဉ်ကျေးမှုနဲ့ခရီးသွားဝန်ကြီးဌာန နိုင်ငံတကာကူးလူးဖလှယ်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ကျန်းဟွာက တရုတ်၊မြန်မာ နှစ်နိုင်ငံ ရေမြေချင်းဆက်စပ်တယ်။ ပြည်သူများအကြား ချစ်ခင်ရင်းနှီးတယ်။ ယဉ်ကျေးမှု နီးစပ် တယ်။ ယဉ်ကျေးမှုကူးလူးဖလှယ်ရေးဟာ တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ဖို့ တွန်းအားပေးနိုင်တဲ့ အင်အားကြီးတစ်ခုဖြစ်တယ်။ နှစ်နိုင်ငံပြည်သူများရဲ့ ပေါက်ဖော် ချစ်ကြည်ရေးဟာလည်း ယဉ်ကျေးမှုကူးလူးဖလှယ်ရေး အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက် နေပါတယ်လို့ ပြောကြားပါတယ်။

တရုတ်-မြန်မာ သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ်၇၀ပြည့်မြောက်ခြင်း၊ “မြန်မာနိုင်ငံ ယဉ်ကျေးမှုနေ့”လှုပ်ရှားမှုကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ကျင်းပ

  တရုတ်ကုမ္ပဏီများက ကိုယ်စားလှယ်များဟာ ဒီအကြိမ်ကူးလူးဖလှယ်ရေးလှုပ်ရှားမှုနဲ့ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။