马宁

ကွမ်ရှီးသည် တရုတ် - အာဆီယံပညာရေးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေး စံပြဒေသကို တည်ဆောက်

(GMT+08:00)2020-11-23 10:42:59  

  ယခုနှစ်များအတွင်း ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသည် အာဆီယံ နိုင်ငံများနှင့် နယ်နိမိတ်ချင်း ဆက်စပ်သည့် အားသာချက်များကို အပြည့်အဝပြသနိုင်ခဲ့ကြောင်း၊ တရုတ် - အာဆီယံကုန်စည်ပြပွဲစသည့် ပလက်ဖေါင်းမှတစ်ဆင့် ၄င်းသည် နိုင်ငံတကာပညာရေးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ဆက်တိုက်နက်ရှိုင်းစေခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်မှစ၍ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးးဒေသသည် ပညာတော်သင်လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့သောကြောင့် ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရှိ တက္ကသိုလ် ကောလိပ်ကျောင်းများသည် အာဆီယံနိုင်ငံများတွင် ထင်ပေါ်ကျော်ကြားမှု နှင့် သြဇာညောင်းမှုကို တိုးချဲပေးလျက်ရှိကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

  ၁၇ ကြိမ်မြောက် တရုတ် - အာဆီယံကုန်စည်ပြပွဲကို နိုဝင်ဘာလ ၂၇ ရက်မှ ၃၀ ရက်အထိ နန်နင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ကုန်စည်ပြပွဲမှတစ်ဆင့် ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ပညာတော်သင်အဖြစ် သင်ကြားနေသော အာဆီယံကျောင်းသားများသည် တရုတ် တိုင်းရင်းသားလူမျိုးစုနှင့် အခြားအာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု အကြောင်းအရာ များကို ပိုမိုသိရှိနားလည်လာကြမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။