邹立莹

RCEP သဘောတူစာချုပ် ချုပ်ဆိုခြင်းသည် ကမ္ဘောဒီးယား အပါအဝင် ဒေသတွင်း နိုင်ငံများအတွက် သမိုင်းဝင် အရေးကြီး အဓိပ္ပါယ်ရှိကြောင်း ကမ္ဘောဒီးယား ကုန်သွယ်ရေး ဝန်ကြီးဌာနဆို

(GMT+08:00)2020-11-16 14:37:08  

ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ် (RCEP)ကို အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးများ ကျင်းပစဉ် အတောအတွင်း နိုဝင်ဘာလ ၁၅ ရက်နေ့က တရားဝင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ပါသည်။ ယင်းသည် ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး၊ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ အကောင်းဆုံးသော လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကို ဖွဲ့စည်းတည်ထောင်သည်ဟု ပြသထားခြင်း  ဖြစ်သည်။

ယင်းစာချုပ်ချုပ်ဆိုပွဲ ပြီးဆုံးပြီးနောက် ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီးဌာနက ၄င်း၏ လူမှုကွန်ရက်တွင် ဆောင်းပါးတစ်ပုဒ် ထုတ်ပြန်ရာ RCEP သဘောတူ စာချုပ် ချုပ်ဆိုခြင်းသည် ကမ္ဘောဒီးယား အပါအဝင် ဒေသတွင်း နိုင်ငံများအတွက် သမိုင်းဝင် အရေးကြီး အဓိပ္ပါယ်ရှိကြောင်း ဖော်ပြပါသည်။