张晓宁

အာဆီယံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်သည်ဟု လီခေ့ချန်ဆို

(GMT+08:00)2020-11-13 17:06:20  

      ၂၃ ကြိမ်မြောက် တရုတ်+အာဆီယံ(၁၀+၁) ခေါင်းဆောင်များ ဗီဒီယိုအစည်းအဝေးကို ယခုလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် လီခေ့ချန်က  အစည်းအဝေးတက်ရောက်ရာတွင်  ကမ္ဘာ့ကုန်သွယ်မှု လျော့နည်းပြီး စီးပွားရေးကျဆင်းကာ ဝန်ထမ်းသွားလာရေး ပြင်းထန်စွာထိခိုက်ခံနေရကြောင်း၊ ယခုနှစ်တတိယသုံးလပတ်တွင် တရုတ်-အာဆီယံ ကုန်သွယ်မှု ပမာဏ တိုးတက် လာကြောင်း၊ တရုတ်သည် အာဆီယံသို့ ရင်းနှီးမြှုပ်နှံမှုကို အရင်နှစ်အလားတူအချိန်ပိုင်း ကထက် ၇၀ရာခိုင်နှုန်း ကျော် တိုးမြှင့်ထားကြောင်း၊ အာဆီယံသည် တရုတ်နိုင်ငံ၏ ပထမအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာပြီ ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့၏ ချစ်ကြည် ရင်းနှီးမှု၊ အပြန်အလှန်အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုနှင့် စေ့စပ်ဆွေးနွေးမှု များကြောင့် တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်စွာ ဖွံ့ဖြိုး တိုးတက် လာပါကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။