张晓宁

တောင်ပင်လယ် စီမံခန့်ခွဲမှုမူ ဆောလျင်စွာရရှိရန် တရုတ်ပြည်က အားထုတ် ကြိုးပမ်းနေဟု လီခေ့ချန် ဆို

(GMT+08:00)2020-11-13 17:06:38  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၂ ရက်နေ့က ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီးခေါင်းဆောင်များ ဗီဒီယိုအစည်းအဝေးသို့ တက်ရောက်ရာ၌ တောင်ပင်လယ် စီမံခန့်ခွဲမှုမူ ဆောလျင်စွာရရှိရေးအပေါ် တရုတ်ပြည်၏ ရပ်တည်ချက်သဘောထားသည် အစဉ်တစိုက်ဖြစ်သကဲ့သို့ သန္နိဋ္ဌာန်လည်း ဦးလည်မသုန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီခေ့ချန်က (တောင်ပင်လယ် ဘက်အသီးသီးတို့မှ လုပ်ဆောင်မှု ကြေညာချက်)နှင့် နှိုင်းယှဉ်လျှင် တောင်ပင်လယ် စီမံခန့်ခွဲမှုမူသည် အနှစ်သာရရှိသည့် အချက်အလက်ပိုများပြီး အကျိုးသက်ရောက်မှုပိုရှိကာ လက်တွေ့လုပ်ဆောင်နိုင်မှုပိုရှိသဖြင့် တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ကြံ့ခိုင်သောစည်းစနစ်ဆိုင်ရာ အာမခံမှုကို တစ်ဆင့်တက်  ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။