张晓宁

လီခေ့ချန်သည် ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီးများ အစည်းအဝေးတက်ရောက်

(GMT+08:00)2020-11-13 17:05:52  

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၁၂ ရက်နေ့က ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်ခဲ့ ကြောင်း၊ လီခေ့ချန်သည် အာဆီယံအလှည့်ကျ သဘာပတိနိုင်ငံ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Nguyen Xuan Phuc နှင့်အတူ အစည်းအဝေးကို ဦးစီးကျင်းပခဲ့ကြောင်း၊ အခြား အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်တို့သည် ယင်းဗီဒီယိုအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း China Media Group က ဖော်ပြသည်။

လီခေ့ချန်က အာဆီယံသည် တရုတ်ပြည်၏ ပထမအကြီးဆုံး ကုန်သွယ်ဘက် ဖြစ်လာခဲ့ကြောင်း၊ တရုတ်ပြည်အနေနှင့် ဘေးပတ်လည်နိုင်ငံများနှင့် ဆက်ဆံရာတွင် အာဆီယံကိုဦးစားပေးအဆင့်နေရာ၌ အစဉ်တစိုက်ထားရှိခဲ့ကြောင်း၊ တရုတ်ပြည်အနေနှင့် အာဆီယံနိုင်ငံများနှင့်အတူ နှစ်ဖက်အကြား အိမ်နီးချင်းဆက်ဆံမှုကို ခိုင်မြဲစေပြီး၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးရေးလမ်ကြောင်း စွဲကိုင်သကဲ့သို့ ဘက်ပေါင်းစုံဝါဒနှင့် လွတ်လပ်သော ကုန်သွယ်မှုကို စွဲကိုင်မည်ဖြစ်၍ နယ်ပယ်အသီးသီးမှ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုများတွင် လက်တွေ့ကျသော အောင်ကျိုးရလဒ် ပိုမိုရရှိရေးအတွက် တွန်းအား ပေးလိုပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရသည်။