马宁

တရုတ်နိုင်ငံဆိုင်ရာ အာဆီယံ ၁၀ နိုင်ငံမှ သံတမန်အရာရှိများကို ဝမ်ယိတွေ့ဆုံ

(GMT+08:00)2020-11-09 13:24:07  

  တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယမန်နေ့ ၈ ရက်နေ့ တွင် ပီကင်း၌ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံ ၁၀ နိုင်ငံမှ   သံတမန်အရာရှိများကို   တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

  ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်နှင့် အာဆီယံတို့သည် ယုံကြည်မှုကို ထားရှိပြီး စည်းလုံးညီညွတ်မှု အားဖြည့်ဆောင်ရွက်ကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုနှင့် စည်ပင်သာယာမှု အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အပြုသဘောဆောင်သော အင်အားကို ဆောင်ကြဉ်းသင့်ကြောင်း၊ နှစ်ဖက်တို့အနေနှင့် ဘက်ပေါင်းစုံဝါဒနှင့် လွတ်လပ်သောကုန်သွယ်မှုကို ပြတ်ပြတ်သားသား ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်း၊ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်ကို လျာထားသည့် အချိန်အတိုင်း ချုပ်ဆိုပြီး တောင်ပင်လယ်ဒေသ၏ ငြိမ်းချမ်းတည်ငြိမ်မှုကိုအတူတကွ ထိန်းသိမ်းကာကွယ်သင့်ကြောင်းဖော်ပြပါသည်။

  တရုတ်နိုင်ငံဆိုင်ရာ အာဆီယံ ၁၀ နိုင်ငံမှ သံတမန်အရာရှိများက နယ်ပယ်အသီးသီးမှ အာဆီယံ-တရုတ် ဆက်ဆံရေးတိုးတက်မှုများကို တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ် နိုင်ငံနှင့် ဖွံ့ဖြိုးရေးမဟာဗျူဟာကို ညီညွတ်စေပြီး တောင်ပင်လယ်စီမံခန့်ခွဲမှုမူ ညှိနှိုင်းဆွေးနွေးရေးကို တွန်းအားပေးကာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို အတူ ထိန်းသိမ်းကာကွယ်ရန် မျှော်လင့်ကြောင်း ဖော်ပြကြပါသည်။