邹立莹

မြန်မာ တန့်ယန်းမှ Mother’s Love Tea ကို သွင်းကုန်ကုန်စည်ပြပွဲတွင် ပြသ

(GMT+08:00)2020-11-06 12:56:24  

မြန်မာနိုင်ငံ ရှမ်းပြည်နယ် တန့်ယန်းမြို့သည် မြန်မာ၊ ထိုင်း နှင့် လာအို နယ်စပ်ဒေသ “ရွှေတြိဂံ”၌ တည်ရှိပါသည်။ ယင်းနေရာ၌ သမိုင်း သက်တမ်း နှစ် ၂၀ ကျော်ကြာ ရိုးရာလက်ဖက်ခြံ တစ်ခြံ ရှိပါသည်။ မျိုးဆက်၂ ဆက်တို့၏ ကြိုးပမ်းအားထုတ်ခြင်းဖြင့် အတိတ်က ဘိန်းပင် အမြောက်အမြား စိုက်ထားသော မြေပြင်ပေါ်တွင် လက်ဖက်ပင်ကို ပြည့်နှက်အောင် အစားထိုး စိုက်ထားပါသည်။ ယခုနှစ်တွင် ယင်းဒေသမှ ထွက်သော Mother’s Love Tea ကို တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ၌  ပထမဆုံးအကြိမ် ပြသထားပါသည်။

လက်ရှိအချိန်တွင် Mother’s Love Tea ရာခိုင်နှုန်း ၃၀ခန့်ကို တရုတ်နှင့် အခြားအာဆီယံ နိုင်ငံများသို့ တင်ပို့ရောင်းချနေပါသည်။ Shwin Chang Lone ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဒေါ်ရီရီမြင့်က သွင်းကုန်ကုန်စည်ပြပွဲမှတစ်ဆင့် ပိုမိုတံခါးဖွင့်သော တရုတ်နိုင်ငံကို မြင်တွေ့ရကြောင်း၊ မြန်မာထုတ် လက်ဖက်ခြောက်သည် တရုတ်နိုင်ငံ၌ ရောင်းကောင်းမည်ဟု ယုံကြည်ပါကြောင်း ပြောကြားပါသည်။