辛甜

၉၈ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄ နိုင်ငံတို့ မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေး တာဝန် စတင်

(GMT+08:00)2020-10-21 21:41:11  

ဒေသစံတော်ချိန် ယခုလ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်က တရုတ်ပြည်မှ ဥပဒေ စိုးမိုးရေးသင်္ဘော ၃ စင်းသည် တရုတ်ပြည် ကွမ်းလေ ဆိပ်ကမ်းမှ တဖြည်းဖြည်း ထွက်ခွါသွားပြီး ၉၈ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄ နိုင်ငံတို့၏ မဲခေါင်မြစ်  ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေး တာဝန်ကို တရားဝင် စတင်ခဲ့ပြီဖြစ်ကြောင်း ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာန သတင်းပြန်ကြားရေးရုံးမှ ယခုလ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် သတင်းအရသိရသည်။

တာဝန်မစတင်မီက တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်း ၄ နိုင်ငံတို့သည် ဗီဒီယိုဖြင့် သတင်းအချက်အလက်များကူးလူးဖလှယ်မှုနှင့် ဦးစီးကွပ်ကဲသူများ ပူးတွဲအစည်းအဝေးကို ကျင်းပခဲ့ပြီး၊ လက်ရှိမဲခေါင်မြစ်ဝှမ်းဒေသ၏ လုံခြုံမှုအခြေအနေနှင့် စပ်လျဉ်း၍ အပြန်အလှန် အကြောင်းကြားခဲ့ကြသည်ဟု သတင်းအရသိရသည်။