朱蕾

တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု များစွာရှိခြင်းသည် ပြင်ပမှ သွေးခွဲရန်တိုက်ခြင်း အပေါ် အားကောင်းစွာ ပြန်ချေပခြင်းဖြစ်

(GMT+08:00)2020-10-13 13:39:35  

  မကြာခင်က အင်ဒိုနီးရှားသမ္မတ၏ အထူးသံတမန်နှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်ပြည်သို့ ရှေ့ဆင့်နောက်ဆင့် လာရောက်ခရီးလှည့်လည်ခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၁၁ရက်နေ့က တရုတ်ပြည်မှ ထွက်ခွါပြီး ကမ္ဘောဒီးယား၊ မလေးရှား၊ လာအိုနှင့် ထိုင်းနိုင်ငံသို့ စတင် တရားဝင် ခရီးလှည့်လည်ကာ စင်ကာပူနိုင်ငံသို့လည်း ၀င်ရောက် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ယင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးကို ပုံမှန် လုပ်ငန်းအဖြစ် လုပ်ကိုင်နေသည့် လက်ရှိအခြေအနေသစ်မျိုးတွင် တရုတ်နှင့် အာဆီယံတို့ ရောဂါပြီးခေတ်ကာလတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကိုတွန်းအားပေးရန် အတွက် အကြိမ်သစ် သံတမန်ရေး ကူးလူးဖလှယ်မှု ဖြစ်ကြောင်းChina Media Groupက ဖော်ပြသည်။

  ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် တရုတ်ပြည်နှင့် အာဆီယံနိုင်ငံ များသည် စည်းလုံးညီညွတ်ပြီး ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ကြကြောင်း၊ တရုတ်ပြည်နှင့် သက်ဆိုင်ရာနိုင်ငံများအကြား ရောဂါကာကွယ်တိုက်ဖျက်ရေး ပစ္စည်း များနှင့် ဆေးကုသရေးကိရိယာများကို အပြန်အလှန် ထောက်ပံ့ပေးပြီး ရောဂါ ကာကွယ်တိုက်ဖျက်ရေး အတွေ့အကြုံများကို မျှဝေကာ ကာကွယ်ဆေးသုတေသနပြု ဖော်ထုတ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပြလုပ်ကြကြောင်း၊ ထို့အပြင် တရုတ်နှင့် အာဆီယံနိုင်ငံများသည် စီးပွားရေးနာလန်ပြန်ထူရေးကို လက်တွဲ တွန်းအားပေးကြကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ တရုတ်-အာဆီယံ ကုန်သွယ်မှု စုစုပေါင်းပမာဏမှာ အမေရိကန် ဒေါ်လာ ၄၁၆.၅၅ဘီလီယံ ရှိပြီးယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၃့၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ အာဆီယံသည် တရုတ်ပြည်၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်လာကြောင်း China Media Groupက ဖော်ပြသည်။

  မကြာခင်က အမေရိကန်သည် စစ်လေယာဉ်နှင့် စစ်သင်္ဘောများကို တောင်ပင်လယ် ဒေသသို့ ဆက်တိုက် စေလွှတ်ပြီး လက်နက်အင်အားကို တပြပြလုပ်ခဲ့ကြောင်း၊ ပွန်ပီအို စသည့် အမေရိကန် နိုင်ငံရေးသမားအချို့သည်လည်း တောင်ပင်လယ် ပြဿနာကို ဝါဒဖြန့်ပြီး တရုတ်နှင့် အာဆီယံ နိုင်ငံများ၏ ဆက်ဆံရေးကို တမင်သက်သက် သွေးခွဲရန်တိုက်နေကြောင်း၊ တရုတ်ပြည်နှင့် အာဆီယံ နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှု အဆက်မပြတ် နက်ရှိုင်းလာခြင်းသည် ပြင်ပမှ သွေးခွဲရန်တိုက်ခြင်း အပေါ် အားကောင်းစွာ ပြန်လည်ချေပခြင်း ဖြစ်ကြောင်း China Media Groupကဖော်ပြသည်။