朱蕾

တရုတ်နှင့် ကမ္ဘောဒီးယားတို့သည် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် တရားဝင် ချုပ်ဆို

(GMT+08:00)2020-10-13 13:34:30  

  တရုတ်နှင့် ကမ္ဘောဒီးယားတို့သည် ယခုလ ၁၂ ရက်နေ့က လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ကို တရားဝင် ချုပ်ဆိုခဲ့ကြောင်း၊ တရုတ် ကုန်သွယ်ရေး ဝန်ကြီးနှင့် ကမ္ဘောဒီးယား ကုန်သွယ်ရေး ဝန်ကြီးတို့သည် ၁၂ ရက်နေ့က ပီကင်းနှင့် ဖနွမ်းပင်၌ ဗီဒီယိုမှတစ်ဆင့် ယင်းစာချုပ်ကို ချုပ်ဆိုခဲ့ခြင်း ဖြစ်ကြောင်း  တရုတ်သတင်းဌာမှ သတင်းအရသိရပါသည်။

  တရုတ်-ကမ္ဘောဒီးယား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ် ဆိုင်ရာ စေ့စပ်ဆွေးနွေးမှုကို ၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် စတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လတွင် ပြီးမြောက်ခဲ့ခြင်း ဖြစ်ပါသည်။