ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၂၀၂၀ ပြည့်နှစ် လူမှုရေးဖိုရမ်ကို ယခုလ ၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ တရုတ်နိုင်ငံတော်ကောင်စီ ဆင်းရဲမှု လျှော့ချရေးရုံး ဒုဥက္ကဋ္ဌ ချင်ကြည့်ကမ်းသည် ဧည့်သည်တော် အဖြစ်နှင့် ဖိုရမ်၌ ဗီဒီယို မိန့်ခွန်း ပြောကြားပြီး တရုတ်ပြည် ဆင်းရဲမှု လျှော့ချရေး အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။
ချင်ကြည့်ကမ်းက တရုတ်နိုင်ငံသည် ဆင်းရဲမှုနှင့် ပတ်သက်သော စံချိန်စံနှုန်းနှင့် ဆင်းရဲမှု လျှော့ချရေး ဆောင်ရွက်ပေးသူများကို သတ်မှတ်ပြီး လက်တွေ့ အခြေအနေ အရ ရည်ညွှန်းချက်ထားပြီး တိတိကျကျ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံတွင် ဆင်းရဲသူ ဦးရေမှာ ၉၈၉ သိန်း ၉ သောင်း ရှိရာမှနေ ၅၅ သိန်း ၁ သောင်း အထိ လျော့နည်းလာခဲ့ကြောင်း၊ ဆင်းရဲသော ဒေသများတွင် အခြေခံအဆောက်အအုံများနှင့် အများပြည်သူအား ဝန်ဆောင်မှုစွမ်းအားလည်း ထင်ရှားစွာ တိုးမြင့်လာကြောင်း ပြောကြားပါသည်။
ယခုအကြိမ် အစည်းအဝေးကို နှစ်ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှ ကိုယ်စားလှယ် ၃၅၀ ကျော်တို့သည် အစည်းအဝေးသို့ အွန်လိုင်း သို့မဟုတ် အော့လိုင်း တက်ရောက်ခဲ့ကြပါသည်။