马宁

တရုတ်-အာဆီယံ နိုင်ငံဖြတ်ကျော် ဆေးဝါးကုသရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း စတင် အသုံးပြု

(GMT+08:00)2020-10-10 15:40:57  

  တရုတ်-အာဆီယံ နိုင်ငံဖြတ်ကျော် ဆေးဝါးကုသရေး ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းကို ယခုလ ၉ ရက်နေ့က စတင် အသုံးပြုခဲ့ပြီဟု ဆင်ဟွာသတင်းအရ သိရပါသည်။

  ယင်းပလက်ဖောင်းကို တရုတ်ပြည် ကွမ်ရှီး ဆေးတက္ကသိုလ် အမှတ်(၁) ဆေးရုံနှင့် Microsoft China Ltd. ၊ ရှင်ကျင့် မိုင်ဒရေ ဇီဝဆေးဝါးကုသရေး အီလက်ထရွန် ကော်ပိုရေးရှင်း၊ တရုတ်UnionPay ကွမ်ရှီး ကုမ္ပဏီခွဲတို့ ပူးပေါင်း ဖေါ်ထုတ် တည်ထောင်ခြင်း ဖြစ်ပြီး ရည်ရွယ်ချယ်မှာ တရုတ်-အာဆီယံ နိုင်ငံဖြတ်ကျော် ဆေးဝါးကုသရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် ဖြစ်ပါသည်။

  ယင်းပလက်ဖောင်းသည် သတင်းအချက်အလက်နည်းပညာကို အသုံးပြုပြီး အာဆီယံ နိုင်ငံများမှ လူနားများအတွက် ကဏ္ဍစုံ ဝန်ဆောင်မှုများပေးနိုင်သည်ဟု သတင်းရရှိပါသည်။