马宁

ဝမ်ယိသည် ကမ္ဘောဒီးယား၊ မလေးရှား၊ လာအို၊ ထိုင်းနိုင်ငံသို့ ခရီးလှည့်လည်မည်ဖြစ်ပြီး စင်ကာပူတွင်လည်း ဝင်ရောက် ခရီးလှည့်လည်မည်

(GMT+08:00)2020-10-10 15:43:21  

  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး ဘရာ စိုခွန်၊ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဟီရှာမူတင်၊ လာအို နိုင်ငံခြားရေး ဝန်ကြီး စာလွန်စေ၊ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး တွန်တို့၏ ဖိတ်ကြားချက်အရ၊ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အထက်ပါ လေးနိုင်ငံသို့ သွားရောက် တရားဝင် ခရီးလှည့်လည်မည် ဖြစ်ပြီး စင်ကာပူနိုင်ငံတွင်လည်း ဝင်ရောက် ခရီးလှည့်လည်မည် ဖြစ်ကြောင်း ယခုလ ၉ ရက်နေ့က ကြေညာခဲ့ပါသည်။