辛甜

ဝမ်ယိမှ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့

(GMT+08:00)2020-10-04 09:23:02  

အောက်တိုဘာလ ၃ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnanထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ပေးပို့ပြီး တရုတ်၊စင်္ကာပူ သံအဆက်အသွယ်ထားရှိခဲ့သည့် နှစ်၃၀ပြည့်မြောက်ခြင်းကို ဂုဏ်ပြုကြောင်း China Media Group မှ သတင်းအရ သိရပါသည်။
ဝမ်ယိက မိမိအနေနှင့် Vivianနှင့်အတူ ဆက်လက်ကြိုးပမ်းအားထုတ်ပြီး နှစ်နိုင်ငံ အပြန်အလှန်ယုံကြည်မှုနှင့်ကူးလူးဖလှယ်မှုကို ဆက်တိုက်နက်ရှိုင်းစေပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေးကာ ဘက်ပေါင်းစုံဝါဒကို ထိန်းသိမ်း၍ နှစ်နိုင်ငံ နှင့် ဒေသတွင်း ပိုမိုကောင်းမွန်သောအနာဂတ်ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်လို ကြောင်း ပြောကြားပါသည်။