朱蕾

တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဇုန်သည် ကမ္ဘာတွင် ရှင်သန်မှု အများဆုံးသော ဇုန်များအနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ဖော်ပြ

(GMT+08:00)2020-09-28 11:42:19  

  တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဇုန်သည် ကမ္ဘာပေါ်တွင် ရှင်သန်မှု အများဆုံးသောဇုန်များ အနက် တစ်ခုအပါအဝင်ဖြစ်သည်ဟု တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယခုလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

  ယခုနှစ်သည် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဇုန် တည်ထောင်ခြင်း ၁၀ နှစ်ပြည့်နှစ်ဖြစ်ပြီး ၁၀ နှစ်အတွင်း တရုတ်-အာဆီယံ ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွယ်မှုအား ထိရောက်စွာ တွန်းအား ပေးကာ တရုတ်-အာဆီယံ နှစ်ဖက်ကုန်သွယ်မှုပမာဏသည် ၂၀၁၀ ခုနှစ်တွင် ဒေါ်လာ ၂၉၂ ဘီလီယံမှ ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၆၄၁ ဘီလီယံအထိ တိုးမြင့်လာကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်ကုန်အထိ နှစ်ဖက် အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၂၂၃ ဘီလီယံရှိကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများ၌ ပြည်ပကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွယ်မှုဇုန် ၂၅ ခုကို တည်ထောင်ခဲ့ကြောင်း၊ ဆာဆီယံသည် ယမန်နှစ်တွင် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ပထမအကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီးလက်ထောက် လီချန်ကောင်းက ပြောကြားခဲ့သည်။