Jade Dynasty I(မြန်မာစာတန်းထိုးရုပ်ရှင်ကား)

(GMT+08:00)2020-09-24 09:46:36  

 

Jade Dynasty I (နတ်သက်ကြွေ - ၁)

ဒါရိုက်တာ - Cheng XiaoDong

သရုပ်ဆောင် - Xiao Zhan ၊ Li Qin၊ Meng MeiQi၊ Tang YiXin

ဇာတ်ကားအမျိုးအစား  - စိတ်ကူးယဉ် ၊ ဒရမ်မာ (၁၀၁ မိနစ်)

 

ဇာတ်လမ်းမိတ်ဆက်.......

 ချောင်မြောက်ရွာ ရွာလုံးကျွတ်သွေးချောင်းစီးခဲ့ပြီးနောက် လူငယ်လေး ကျန်းရှောင်ဖန်ဟာ မိဘတွေကိုဆုံးရှုံးခဲ့ရပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ သူ့ကိုချင်းယွမ်ဂိုဏ်းဂိုဏ်းချုပ် တကျူဖုန်းကခေါ်ယူစောင့်ရှောက်ခဲ့ ပါတယ်။ကံကြမ္မာကအကြောင်းဖန်လာတော့ သူဟာသံသာကျောင်းတိုက်မှသိုင်းပညာကိုသင်ယူခွင့်ရရှိပြီး မိစ္ဆာဂိုဏ်းရဲ့ အထွဋ်အမြတ်လက်နက် လောင်မြိုက်မီးတုတ် ကိုလည်းရရှိခဲ့ပါတယ်။ ပြိုင်စံရှားဆိုတဲ့ဘ၀ကိုရလိုက်ပြီးနောက်  အသက်အန္တရာယ်ကလည်းကြီးလာခဲ့ပါတယ်။ မိစ္ဆာဂိုဏ်းရတနာပေါ်ထွက်လာပြီး လု့ရွယ်ချီ ၊ ပိရောင် ၊ ထျန်လင်အော် တို့မိန်းမပျိုလေးသုံးဦးနဲ့ရေစက်ဆုံခဲ့ကာရိုးရှင်းလှတဲ့သူဘ၀ဟာလည်းအလှည့်အပြောင်းတွေဖြစ်ပေါ်လာပါတော့တယ်။သူရသတ္တိနှင့်ပြည်စုံသူရဲ့ကံကိုအံတုတဲ့ခရီးရှည်ဟာလည်းအဲဒီကနေပဲစတင်ခဲ့ပါတော့တယ်။

ဒီရုပ်ရှင်ဟာ ရုံတင်တဲ့နေ့မှာတင် လက်မှတ်ရောင်းရငွေ ယွမ်သန်း ၁၄၀ ကျော်ရရှိခဲ့ပါတယ်။စုစုပေါင်းလက်မှတ်ရောင်းရငွေ ယွမ် သန်း ၄၀၀ ကျော်ရရှိကာ ၂၀၁၉ ခုနှစ် ဆောင်းဦးရာသီရဲ့လက်မှတ်ရောင်းရငွေအမြင့်ဆုံးရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်။