张晓宁

တရုတ်နှင့် အာဆီယံသည် နိုင်ငံစုံဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးကို ဆက်လက် ပြတ်သားစွာ ထောက်ခံမည်ဟု အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီးဆို

(GMT+08:00)2020-09-16 16:11:41  

  အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး ဒန့်ရှိကျွင်က တရုတ်နှင့် အာဆီယံတို့သည် နိုင်ငံစုံ ဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးကို ဆက်လက် ပြတ်သားစွာ ထောက်ခံမည်ဖြစ်ပြီး အစဉ်တစိုက် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ နှစ်ဖက် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို အဆင်ပြေစေရန် ဆက်လက် တွန်းအားပေးမည်  ဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။