邹立莹

ဘဝချင်းမခြားနဲ့ချစ်သူရယ်

(GMT+08:00)2020-09-15 14:54:00  

 

ဇာတ်လမ်းမိတ်ဆက်.......

လက်ဝှေ့ကိုဟန်ဆောင်ထိုးစားနေတဲ့ အယ်ဒီဆင် နဲ့တည်ကြည်ဖြောင့်မတ်တဲ့ အားကစားသတင်းထောက် မာရှောင်တို့က ကမ္ဘာ့ရန် တွေပါ။တစ်ရက်မှာမထင်မှတ်ပဲ သူတို့နှစ်ယောက်ကို မိုးကြိုးပစ်ချခဲ့လိုက်ရလို့ လိပ်ပြာလွင့်ပြီး တစ်ယောက်နှင့်တစ်ယောက်ခန္ဓာကိုယ်ချင်းမှားကာဝိညာဉ်ဝင်ရောက်မိရာကနေအချင်းချင်း အပြန်အလှန်ပညာပြမှုတွေ ကမောက်ကမလွဲချော်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ဟန်ဆောင်လုပ်စားတဲ့ အယ်ဒီဆင် ခန္ဓာကိုယ်ထဲ မာရှောင်ရဲ့မဟုတ်မခံဖော်ထုတ်တဲ့ စိတ်တွေဝင်သွားတဲ့အခါလက်ဝှေ့လောကရဲ့လျို့ဝှက်ချက်ကိုဖော်ထုတ်မိခဲ့တဲ့အတွက် နှစ်ဦးစလုံးသေပြေးရှင်ပြေးထွက်ပြေးရပြီး ဖခင်ရဲ့ဦးဆောင်မှုကြောင့် ကြာပန်းလိပ်ဂိုဏ်း တွင်သိုင်းပညာသင်ယူပြီးနောက်မှာတော့ ဟန်ဆောင်လက်ဝှေ့လောကရဲ့အဓိပတိတွေကို ဖြိုခွင်းနိုင်မလားဆိုတာ….

သဘာဝကျကျဝိညာဉ်ပြောင်းလဲသွားသောလက်ဝှေ့ဟာသဇာတ်လမ်းကြောင့် ၂၀၁၇ ခုနှစ် အာရှရုပ်ရှင်ပွဲတော် တတိယလူကြိုက်အများဆုံး ဆုကိုရရှိခဲ့ပြီးအရင်းငွေ ဒေါ်လာ ၁၀ သန်းဖြစ်ပြီး လက်ရှိဝင်ငွေ ဒေါ်လာ ၃၃၄ သန်းရရှိခဲ့တဲ့ ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။

ပင်လယ်နီစစ်ဆင်ရေးဆိုမာလီရေပိုင်နက်အပြင်မှာ တရုတ်ကုန်သင်္ဘောဟာ ဓားပြတိုက်ခံရကာ သဘောင်္သားတစ်ချို့အသက်ဆုံးရှုံးခဲ့ပြီးတစ်ချို့ကိုတော့ သုံ့ပန်းအနေနှင့်ဖမ်းဆီးထားပါတယ်။ နဂါးတပ်ဖွဲ့ဟာ ကုန်သဘောင်္ကိုတိတ်တဆိတ်ဝင်ရောက်ပြီး ဓားစာခံအားလုံးကိုကယ်တင်ခဲ့ပါတယ်။ဒီလှုပ်ရှားမှုမှာစနှိုက်ပါသမားလောရှင်း က ပင်လယ်ဓားပြတွေရဲ့ပစ်ခေတ်မှုကြောင့် ကျောရိုးမကြီးကိုထိသွားကာ သူ့နေရာကိုတော့ ကုစွမ့် က အစားထိုးတာဝန်ယူခဲ့ပါတယ်။

သဘောင်္အမိမြေသို့ပြန်သည့်လမ်းမှာ အာဖရိကမြောက်ပိုင်း အီဝေရာ နိုင်ငံ နိုင်ငံရေးအပြောင်းအလဲနှင့်ကြုံတွေ့ခဲ့ပါတယ်။အကြမ်းဖက်အဖွဲ့ နိုင်ငံသစ္စာဖောက်တပ် က မြို့တော်ကိုတိုက်ခိုက်ခဲ့သည့်အတွက် ထိုနေရာတွင်ရောက်နေသည့်တရုတ်နိုင်ငံသားများအသက်အန္တရာယ်နှင့်ရင်ဆိုင်နေရပါတယ်။တရုတ်ရေတပ်ကအထက်မှပေးအပ်သည့်အမိန့်အရ ထိုနေရာသို့သွားရာတရုတ်နိုင်ငံသားများအမိမြေသို့ပြန်လည်ခေါ်ဆောင်ရေးလှုပ်ရှားမှုကိုေ ဆာင်ရွက်ရမှာဖြစ်ပါတယ်။ နဂါးအဖွဲ့ ၈ ယောက်တို့လက်နက်အပြည့်အစုံဖြင့်ထွက်ခွာရန်ပြင်ဆင်နေကြပါတယ်။

အချိန်အရမ်းကပ်နေပတယ်။ တရုတ်နိုင်ငံသားများကိုအမိမြေသို့ပြန်လည်ခေါ်ဆောင်ရမည့်အပြင် နိုင်ငံခြားဆက်ဆံရေးတင်းမာမှုမဖြစ်စေရန်အာဖရိကစစ်တပ်နှင့်လည်း တိုက်ခိုက်မှုမဖြစ်ရပါဘူး။တရုတ်ရေတပ် နဂါးတပ်ဖွဲ့က ဒီလိုဆိုးဝါးလှတဲ့အခြေအနေမျိုးမှာ ဆိပ်ကမ်းကိုဆိုက်ကပ်ခဲ့ပြီး ဆိပ်ကမ်းတွင်စောင့်မျှော်နေတဲ့ တရုတ်နိုင်ငံသားများကို အန္တရာယ်ကင်းစွာ ပြောင်းရွေ့နိုင်ခဲ့ပါတယ်။ထို့နောက်ခက်ခဲကြမ်းတမ်းလှသည့်တိုက်ပွဲများကိုရင်ဆိုင်ခဲ့ရပြီး နဂါးတပ်ဖွဲ့ဟာ အကြမ်းဖက်များကလိုက်လံဖမ်းဆီးသတ်ဖြတ်နေတဲ့တရုတ်ကောင်စစ်ဝန်ရုံးမှာဝန်ထမ်းများကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့တာဝန်ကမပြီးဆုံးသေးပါဘူး။ တရုတ်နိုင်ငံသားများကိုအမိမြေသို့ပြန်လည်ပို့ဆောင်ရန်လုပ်ဆောင်နေစဉ်မှာပဲ နဂါးတပ်ဖွဲ့က တရုတ်နိုင်ငံသား ဓားစာခံကို အကြမ်းဖက်များပြန်ပေးဆွဲထားသည့်သတင်းကိုရရှိခဲ့ပြီး ကြီးလေးလှတဲ့ တာဝန်များကိုထမ်းဆောင်ကာ နောက်ထပ်တစ်ကြိမ်ကယ်ဆယ်ရေးကိုစတင်ခဲ့ပါတယ်။