邹立莹

ထျန်ခေတ်ကိုယ်တော်ရွမ်ကျန့်(Xuan Zang )

(GMT+08:00)2020-09-14 13:23:26  

 

ဇာတ်လမ်းမိတ်ဆက်.......

ဒီဇာတ်ကားဟာ ဒါရိုက်တာ ဟော့ကျန့်ချီ ရိုက်ကူးထားပြီး ဝမ်ရှောင်မင် သရုပ်ဆောင်ထားသည့်ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားဟာထျန်ခေတ်ကိုယ်တော် ရွမ်ကျန့်က ၁၉ နှစ်ကြာ အခက်အခဲ အတားအဆီးကိုမမှုပဲ အန္ဒိယနိုင်ငံသို့သွားရောက်ပြီးဗုဒ္ဓကျမ်းစာပင့်ဆောင်သည့်ဇာတ်လမ်းကိုရိုက်ကူးထားတာဖြစ်ပြီး ၂၀၁၆ ခုနှစ် ဧပြီလ ၂၉ ရက်တွင်တရုတ်ပြည်၌ရုံတင်ခဲ့ပါတယ်။

တထျန်တိုင်းပြည်မှ ငယ်ရွယ်သော Xuan Zang ကိုယ်တော် မှာ  ဘုရားကျမ်းစာရယူဖို့ အတွက်အသက်ကိုရင်းပြီး တားမြစ်ထားတဲ့ နယ်နမိတ်ဖြတ်ကျော် စွန့်စားခဲ့ပါတယ်။ ကြမ်းတမ်းတဲ့ နယ်မြေလမ်းခရီးတစ်လျှောက်လုံး အခက်အခဲပေါင်းများစွာ၊သဘာဝဘေးအန္တရာယ်များ၊အနှောင့်အယှက်များ၊လောကီဒုက္ခများကိုအပြည့်အဝခံစားခဲ့ရပါတယ်။ အခြားတိုင်းပြည်က ရဲမက်တွေ အန္တရာယ်၊ ပါလာတဲ့ တပည့်ဖြစ်သူ၏သစ္စာဖောက်ခံရမှုတွေ  ၊ သဲကန္တရထဲ မြေမြုပ်ကာ နှိပ်စက်ညှင်းပန်းခံရမှုတွေ ၊ အစာရေစာပြတ်လပ်မှုဒဏ်တွေ  စတဲ့ သာမန်လူခံနိုင်ရည်ဖွယ်မရှိတဲ့ ဒုက္ခဆင်းရဲတွေကို မြတ်စွာဘုရားတရားတော်ကိုကြည်ညိုစိတ်နဲ နှလုံးသွင်းရင်ဆိုင်ကျော်ပြီး နောက်ဆုံးမှာ ဆရာတော် Xuan Zang  အိန္ဒိယနိုင်ငံကိုရောက်ရှိခဲ့ပုံ၊အိန္ဒိယမှာ တရားကျင့်ကြံအား ထုတ်ပြီးအမိနိုင်ငံတော်ကိုပြန်ချိန်မှာတော့ သက်တော် ၅၀ ကျော်ခဲ့ပါပြီ။