邹立莹

Go away Mr.tumour

(GMT+08:00)2020-09-14 19:10:08  

 

ဇာတ်လမ်းမိတ်ဆက်.......

၂၉ နှစ်မပြည့်မှီတစ်ရက်အလိုမှာ ရှုံတွမ် ဟာ သူမ၏ကဂျီဂကြောင်ကျလွန်းတဲ့ သူဌေးကိုဝန်ထမ်းများအားလုံးရှေ့တွင်ပြန်အာခံပြောမှုကြောင့်အလုပ်မှထုတ်ခံခဲ့ရပါတယ်။ထို့နောက်သူမချစ်သူ၏သစ္စာဖောက်မှုကိုပါခံရတဲ့အတွက် အလုပ်ရေးအချစ်ရေးရော နှစ်ခုလုံးပြိုင်တူဆုံးရှုံးခဲ့ပါတယ်။သို့သော်ကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလို သူမမွေးနေ့မှာသူငယ်ချင်းတွေနဲ့ပျော်ပါးပြီးချိန်မှာတော့သူမဟာမိမိအိပ်ခန်းထဲမှာမေ့လဲသွားပါတယ်။ထိုအချိန်ကစပြီး သူမက နာကျင်ခက်ခဲသော်လည်း ဟာသတွေနဲ့ကြုံဆုံရတဲ့ကင်ဆာအကြိတ်ကုသရေးခရီးကိုစတင်ခဲ့ပါတယ်။

အရေးပေါ်အခန်းကနေပြီးစောင့်ကြည့်ကုသသည်အထိသူမကင်ဆာကုသရေးခရီးမှာမတူညီတဲ့မိတ်ဆွေအသစ်တွေကိုတွေ့ဆုံခဲ့ပါတယ်။သူမတိတ်တခိုးစိတ်ဝင်စားနေတဲ့သူမကိုကုသပေးတဲ့ဆရာဝန် ဆရာလျန် ၊ သူမဆေးရုံ အခန်းဖော် အဆော့သန်ပြီးချစ်ဖို့ကောင်းတဲ့ သူမကိုအမြဲနှိပ်စက်တတ်တဲ့ ကလေးလေး မောင်တို့ စရိုက်ကျကျ ပုံနေတတ်တဲ့ ကင်ဆာကြောင့်ကတုံးတုံးလိုက်သော်လည်း ဆွဲဆောင်မှုအပြည့်ဖြစ်ပြီးဘိုမရုပ်လေးတဖွယ် လှပနေတဲ့ ရှမုန့် ၊တူညီတဲ့အကြောင်းအရာကြောင့် ဆေးရုံမှာကြုံဆုံပြီး စိတ်ညစ်ပြီးကြောက်စရာကောင်းတဲ့ ကင်ဆာကုသရေးခရီးစဉ်က ရယ်မောသံတွေနဲ့မပြတ်ဖြစ်နေပါတယ်။သူမနဲ့တွေ့ဆုံခဲ့ကြသူများက သူမဆီက အခက်ခဲဆုံးအချိန်မှာတော့ ကံကြမ္မာကိုပြုံးပျော်ရွင်စွာကြိုဆိုနိုင်တဲ့စိတ်ဓာတ်ခွန်အားကိုရရှိခဲ့ပါတယ်။

သူမတွေ့ဆုံခဲ့တဲ့သူများနှင့်သူမအချစ်ဆုံးသူငယ်ချင်း ၃ ယောက်ကလည်း သူမရဲ့နောက်ဆုံးခရီးမှာ အတွေ့အကြုံအဖြစ်အပျက်တွေအများကြီးပေးဆောင်နိုင်ခဲ့ပါတယ်။ဒီဇာတ်ကားလေးကဆုနိုင်ငံတကာတွင် ဆုအများအပြားရရှိထားပြီး  ၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင်အကောင်းဆုံးနိုင်ငံခြားဘာသာစကားပြောရုပ်ရှင် တရုတ်ပြည်ကိုယ်စားပြု စကားတင်စာရင်းဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်။