邹立莹

လာအိုပညာရှင်များသည် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ မိန့်ခွန်းကို ချီးကျူး

(GMT+08:00)2020-09-09 22:27:13  

တရုတ်ပြည်လုံးဆိုင်ရာ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ဆုချီးမြှင့်ပွဲကို ယခုလ ၈ ရက်နေ့က ပီကင်းပြည်သူ့ခန်းမဆောင်ကြီးမှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ လာအို-တရုတ် ချစ်ကြည်ရေးအသင်း အတွင်းရေးမှူးချုပ်၊ လာအို နာမည်ကျော် ပညာရှင် ဆီခွန်ဘန်ဖလိုင်သည် သ​တင်း​ထောက်နှင့်တွေ့ဆုံရာတွင် တရုတ်ပြည်လုံးဆိုင်ရာ ကိုဗစ်-၁၉ တိုက်ဖျက်ရေး ဆုချီးမြှင့်ပွဲ၌ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ မိန့်ခွန်းကို ချီးကျူးပြီး ကိုဗစ်-၁၉ တိုက်ဖျက်ရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီနှင့် အစိုးရ၏ အချိန်မီ ထိရောက်သည့် ဆောင်ရွက်ချက်များကိုလည်း ချီးကျူးပါသည်။ ၄င်းက၊ တရုတ်နိုင်ငံသည် ပြည်တွင်း ကိုဗစ်-၁၉ တိုက်ဖျက်သည့် တစ်ချိန်တည်းတွင် ကမ္ဘာ့နိုင်ငံအသီးသီးအားလည်း ကူညီထောက်ပံ့ကာ တရုတ်နိုင်ငံ၏ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်းကို ပြသကြောင်း ပြောကြားသည်ဟု China Media Group မှ သတင်းအရသိရပါသည်။