邹立莹

ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်-အာဆီယံတို့ ဘုံလိုအပ်ချက်များကို ရှာဖွေမည်

(GMT+08:00)2020-09-08 12:55:00  

၂၀၂၀ပြည့်နှစ်မှစ၍ ဖြစ်ပွားလာသည့် ကိုဗစ်-၁၉ရောဂါကူးစက်မှုကြောင့် ကမ္ဘာ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာ ဂယက်ရိုက်ခတ်ခဲ့သော်လည်း တရုတ်နှင့် အာဆီယံ နိုင်ငံများသည် အပြန်အလှန် ပံ့ပိုးကူညီပြီး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့် ပြုလုပ်ကာ နှစ်ဖက် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်မှုအရှိန်ကို ထိန်းထားနိုင်ခဲ့ကြောင်း၊ နှစ်ဖက်တို့သည် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ဘုံလိုအပ်ချက်များကို ရှာဖွေ နိုင်မည် ဖြစ်ကြောင်း တရုတ်-အာဆီယံစင်တာ အတွင်းရေးမှူးချုပ် ချင်တယ်ဟိုင်က ၆ ရက်နေ့က တရုတ်ပြည် ချင်းဟိုင်ပြည်နယ် ရှီးနင်မြို့၌ ပြောကြားခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။