စက်တင်ဘာလ ၃ ရက်နေ့သည် ဂျပန်ကျူးကျော်မှုကို တရုတ်ပြည်သူများ၏ ခုခံတိုက်ဖျက်ရေးစစ်နှင့်ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ၏ ၇၅နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်နေ့ ဖြစ်သည်။ တရုတ်နှင့်ရုရှားနှစ်နိုင်ငံတို့သည် အဆင့်မြင့် အထိမ်းအမှတ်လှုပ်ရှားမှုများ ပြုလုပ် ခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က ဒုတိယ ကမ္ဘာစစ်ပွဲ၏ အောင်ကျိုးရလဒ်ကို ခိုင်မာစွာကာကွယ်ရန် တရုတ်နှင့် ရုရှားအပါအ၀င် ကမ္ဘာကြီးသည် ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂနှင့် ဘက်ပေါင်းစုံဝါဒကို ကာကွယ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လူသားကံကြမ္မာအသိုက်အ၀န်း တည်ထောင်ခြင်း တွန်းအားပေးမည်ဖြစ်ကြောင်း ယခုလ၃ရက်နေ့တွင် ပီကင်းမြို့၌ ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှသတင်းအရ သိရပါသည်။