李悦

ရောဂါပြီးခေတ်ကာလတွင် ပူးပေါင်းဆောင်ရွက်ရေးအခွင့်အလမ်းများကို အတူရှာကြံရန် တရုတ်နှင့် အာဆီယံနိုင်ငံများဆွေးနွေး

(GMT+08:00)2020-09-02 15:06:05  

တရုတ်-အာဆီယံစင်တာ၊ တရုတ်နိုင်ငံဆိုင်ရာ ထိုင်းသံရုံးနှင့် တရုတ်ပြည်နိုင်ငံတကာ ရေးရာ သုတေသနဖောင်ဒေးရှင်းတို့ ပူးတွဲကျင်းပသော“အခွင့်အလမ်းသစ်၊ မိတ်ဖက် ဆက်ဆံမှုသစ်-တရုတ်နှင့် အာဆီယံနိုင်ငံများ၏ ရောဂါပြီးခေတ်ကာလတွင် ပူးပေါင်း ဆောင်ရွက်ရေး” ဟူသောခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲကို သြဂုတ်လ ၂၈ ရက်နေ့က ပီကင်းတွင် ပြုလုပ်ခဲ့ပါသည်။

တရုတ်နှင့် အာဆီယံနိုင်ငံများမှ အစိုးရအရာရှိများ၊ အများပြည်သူဆိုင်ရာ ကျန်းမာရေးပညာရှင်များ၊ တတ်သိပညာရှင်များနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်မှ ကိုယ်စားလှယ်များသည် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကူးလူးဖလှယ်မှု အားဖြည့်ဆောင်ရွက်ရေး၊ အများပြည်သူများ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေး၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားသစ်လောင်းပေးရန်အတွက် အခွင့်အလမ်းသစ် အတူ တကွ ရှာကြံရေးစသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ကျယ်ပြန့်လေးနက်စွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

ရောဂါပြီးခေတ်ကာလတွင် ပူးပေါင်းဆောင်ရွက်ရေးအခွင့်အလမ်းများကို အတူရှာကြံရန် တရုတ်နှင့် အာဆီယံနိုင်ငံများဆွေးနွေး_fororder_东盟2