马宁

မလေးရှားနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည့် ၆၃နှစ်ပြည့်မြောက်ခြင်းအပေါ် လီခေ့ချန် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2020-09-01 14:53:36  

  မလေးရှားနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၆၃နှစ်ပြည့်မြောက်ခြင်းအပေါ် တရုတ် နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ယမန်နေ့ ၃၁ ရက်နေ့တွင် မလေးရှား ဝန်ကြီးချုပ် Muhyidin ထံသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

  ယင်းဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် လီခေ့ချန်က ဝန်ကြီးချုပ် Muhyidin၏ ဦးဆောင်မှုဖြင့် မလေးရှားအစိုးရသည် ထိရောက်သော ဆောင်ရွက်ချက်များဖြင့် ကိုဗစ်-၁၉ ရောဂါ ခုခံထိန်းချုပ်ရေးလုပ်ငန်းများတွင် အဆင့်ကာလအရ အောင်မြင်မှုရရှိခဲ့ကြောင်း၊ ယင်းကို တရုတ်ပြည်က တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်ပြည်အနေနှင့် “Belt&Road”ကို အခြေခံပြီး မလေးရှားနိုင်ငံနှင့် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်နက်ရှိုင်းစေပြီး  ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများတွင် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြုလုပ်ကာ တရုတ်-မလေးရှား ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုတွင် ပိုမိုများပြားသည့် တိုးတက်မှုသစ်များ ရရှိရန်အတွက် တွန်းအားပေးလိုကြောင်း ဖော်ပြပါသည်။