马宁

မလေးရှားလွတ်လပ်ရေးရရှိခဲ့သည့် ၆၃နှစ်မြောက် အထိမ်းအမှတ်နေ့ကို ထောမနာပြုရန် တရုတ် နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မလေးရှား ထိပ်သီးခေါင်းဆောင် အာဘ်ဒူလာအား ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

(GMT+08:00)2020-09-01 14:53:14  

  သြဂုတ်လ ၃၁ ရက်နေ့က မလေးရှား လွတ်လပ်ရေးရရှိခဲ့သည့် ၆၃နှစ်မြောက် အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုရန်အတွက် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် မလေးရှားထိပ်သီးခေါင်းဆောင် အာဘ်ဒူလာအား ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်ဟု China Media Groupမှ သတင်းအရ  သိရပါသည်။

  ဥက္ကဋ္ဌရှီကျင့်ဖိန်က လွတ်လပ်ရေးရရှိခဲ့သည့် ၆၃နှစ်အတွင်း မလေးရှားနိုင်ငံသည် နိုင်ငံတော် တည်ဆောက်ရေးနယ်ပယ်တွင် ကြီးမားသော အောင်မြင်မှုရရှိပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးပြု စွမ်းဆောင်ခဲ့ကြောင်း၊  တရုတ်နှင့် မလေးရှား နှစ်နိုင်ငံတို့အကြား ချစ်ကြည်ရေးအစဉ်အလာ နက်ရှိုင်းပြီး အပြန်အလှန်ထောက်ခံအားပေးကာ ရိုးသားစွာ ပေါင်းသင်းဆက်ဆံသော မိတ်ဖက်ကောင်းဖြစ်ကြောင်း၊ မိမိသည် တရုတ်-မလေးရှားဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို အလွန်အလေးထားပြီး  အဆွေတော်  အာဘ်ဒူလာနှင့် အတူ တရုတ်-မလေးရှား ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှုကို နက်ရှိုင်းစေ၍Belt and Roadကို အရည်အသွေး မြင့်မားစွာ အတူတည်ဆောက်ကာ  နယ်ပယ်အသီးသီးတွင် အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး နှစ်နိုင်ငံ ပြည်သူလူထုတို့၏ သုခချမ်းသာနှင့် ဒေသတွင်း စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေး အတွက် လက်တွဲကြိုးပမ်းဆောင်ရွက်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်း ရရှိပါသည်။