马宁

ဝမ်ယိသည် မလေးရှားနိုင်ငံ လွတ်လပ်ရေးရရှိခြင်း ၆၃နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် မလေးရှားနိုင်ငံခြားရေးဝန်ကြီးထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2020-09-01 14:54:07  

  တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၃၁ရက်နေ့တွင် မလေးရှားနိုင်ငံ လွတ်လပ်ရေးရရှိခြင်း ၆၃နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Hishammuddinထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။ ဝမ်ယိက ယင်းသဝဏ်လွှာတွင် တရုတ်နှင့် မလေးရှားနှစ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါကို ရင်ဆိုင်ရာတွင် နှစ်ဦးနှစ်ဖက်တို့သည် အပြန်အလှန်အားကိုးကူညီပြီး လက်တွဲ တိုက်ဖျက်ခြင်းဖြင့် တရုတ်နှင့် မလေးရှားတို့၏ နက်ရှိုင်းခိုင်မာသော ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပြသနေကြောင်း၊ မိမိက ဝန်ကြီး Hishammuddinနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ အရေးပါ သဘောတူညီချက်များအကောင်အထည်ဖော်ရန်၊ တရုတ်နှင့်မလေးရှား နိုင်ငံရေးအပြန်အလှန် ယုံကြည်မှု တစ်ဆင့်တိုးနက်ရှိုင်းစေရန်၊ “Belt and Road” အတူ ဆောက်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်နှင့် ခေတ်သစ်တွင် နှစ်နိုင်ငံဆက်ဆံရေး၌ တိုးတက်မှုသစ် အဆက်မပြတ် ရရှိနိုင်အောင် တွန်းအားပေးရန် ဆောင်ရွက်လိုကြောင်း ဖော်ပြ ပါသည်။