朱蕾

တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေး ဝန်ကြီးများ ဗီဒီယိုအစည်းအဝေး ကျင်းပ

(GMT+08:00)2020-08-29 09:57:40  

  ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၂၇ ရက်နေ့က ဗီဒီယိုဖြင့် ကျင်းပခဲ့ရာ နှစ်ဦးနှစ်ဖက်တို့အနေနှင့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုကို လက်တွဲအားသစ်လောင်းပေးခြင်းဖြင့် စီးပွားရေး နာလန်ပြန်ထူရေး အကောင်အထည်ဖော်ဆောင်လိုကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

  ကိုဗစ် ၁၉ မှ ဂယက်ရိုက်ခတ်မှုနှင့် ရင်ဆိုင်ရာ၌ တရုတ်၊ အာဆီယံတို့ လက်တွဲ ပူးပေါင်းဆောင်ရွက်မှု အားဖြည့် ပြုလုပ်ခြင်းဖြင့် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုကို အားသစ် လောင်းပေးပြီး၊ စီးပွားရေး နာလန်ပြန်ထူမှု အကောင်အထည်ဖော်ဆောင်ရေးမှာ အလွန့်အလွန်အရေးကြီးကြောင်း ဝန်ကြီးများ ထပ်လောင်းဖော်ပြခဲ့ကြသည်ဟု သတင်းအရ သိရသည်။