辛甜

တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် ကူးစက်ရောဂါပူးတွဲတိုက်ဖျက်သည့်တစ်ချိန်တည်းတွင် Belt & Road ဆိုင်ရာအရေးကြီးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခြင်းကို တွန်းအားပေး မည်ဟု မန္တလေးမြို့ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် Chen Chen ဆို

(GMT+08:00)2020-08-26 15:37:01  

    တရုတ်-မြန်မာ နှစ်နိုင်ငံတို့သည် ကူးစက်ရောဂါပူးတွဲတိုက်ဖျက်သည့်တစ်ချိန်တည်းတွင် Belt & Road ဆိုင်ရာအရေးကြီးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခြင်းကို တွန်းအားပေး မည်ဟု မန္တလေးမြို့ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် Chen Chen ဆို_fororder_陈

 မကြာခင်က မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့် မန္တလေးမြို့ဆိုင်ရာ တရုတ် ကောင်စစ်ဝန်ရုံးတို့သည် အကြောင်းကြားစာကို ထုတ်ပြန်ပြီး သြဂုတ်လ ၂၂ ရက်နေ့ မှစ၍ တရုတ်နေထိုင်ခွင့်ပါမစ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများသည် တရုတ်ဗီဇာကို အခမဲ့လျှောက်လွှာတင်လို့ ရကြောင်း၊ သက်ဆိုင်ရာပုဂ္ဂိုလ်များသည် ၅ ရက်အတွင်း nucleic acid ဓါတ်ခွဲစစ်ဆေးမှု negative ထောက်ခံစာဖြင့် လေယာဉ်စီးပြီး တရုတ်နိုင်ငံသို့ သွားရောက်၍ရကြောင်း၊ တရုတ်ပြည်တွင်း ဝင်ရောက်ပြီးနောက် ဒေသခံ ကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းကို တင်းကျပ်စွာ လိုက်နာရမည်ဖြစ်ကြောင်း ဖေါ်ပြထား ပါသည်။ မန္တလေးမြို့ဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် Chen Chen သည် China Media Group မှ သတင်းထောက်နှင့်တွေ့ဆုံရာတွင် တရုတ်-မြန်မာနှစ်နိုင်ငံတို့သည် တစ်လှေ တည်းစီး၊ တစ်ခရီးတည်းသွား အချင်းချင်း ကူညီဖေးမပြီး အခက်အခဲများကို အတူ ကျော်လွှားကာ လက်ရှိအချိန်တွင် နှစ်နိုင်ငံတို့သည် ပုံမှန်ဖြစ်သော ရောဂါကာကွယ် ထိန်းချုပ်ရေးအဆင့်ကာလသို့ ဝင်ရောက်ပြီး နှစ်နိုင်ငံတို့သည် Belt & Road ဆိုင်ရာ အရေးကြီးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်ခြင်းကို လက်တွဲတွန်းအားပေးကာ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးဆောင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။ တွေ့ဆုံ မေးမြန်းသော အသေးစိတ်အကြောင်းအရာသည်  အောက်ပါအတိုင်းဖြစ်သည်။
၁။ တစ်ကမ္ဘာလုံးမှာဖြစ်ပွားတဲ့ ရောဂါအောက်မှာ ဘယ်နိုင်ငံမှ ကိုယ့်အကျိုးပဲကိုယ်ငဲ့လို့ မရပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက ရောဂါပူးတွဲတိုက်ဖျက်တဲ့အပိုင်းမှာ ဘယ်လို ထိရောက်တဲ့ အစီအမံတွေရှိပါသလဲ။ မြန်မာနိုင်ငံကရော အဆိုပါလုပ်ငန်းအပေါ် ဘယ်လိုယူဆပါသလဲ။
“ဒုက္ခရောက်တဲ့အခါ မိတ်ဆွေစစ်ကိုသိရပါတယ်”ဆိုရိုးစကားလိုပဲ တရုတ်နိုင်ငံရဲ့ COVID-19 ရောဂါအခြေအနေ အပြင်းထန်ဆုံးအချိန်မှာ မြန်မာနိုင်ငံပြည်သူတွေက တရုတ်ပြည်သူတွေနဲ့အတူတူ လက်တွဲပြီး အခက်အခဲကို အတူကျော်ဖြတ်ခဲ့ပါတယ်။ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံခေါင်းဆောင်ကို သဝဏ်လွှာပေးပိုပြီး နှစ်သိမ့်အားပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ အစိုးရက ဝူဟန့်ကို ဆန်တန်ချိန် ၂၀၀ လှူဒါန်းပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံတပ်မတော်ကလည်း ဝူဟန့်ကို တပ်မတော်လေယာဉ်နဲ့ ဆေးကုသရေးပစ္စည်းတွေ ပို့ဆောင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးကလည်း တရုတ်နိုင်ငံကို ကူညီမှုအမျိုးမျိုး ပေးအပ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံညီအစ်ကိုက တရုတ်နိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အဖိုးတန်လှတဲ့ အားပေးထောက်ခံမှုတွေကို တရုတ်ပြည်သူတွေ အမြဲတမ်း အမှတ်ရ နေမှာပါ။
မြန်မာနိုင်ငံမှာ အတည်ပြုလူနာ စတင်ထွက်ပေါ်လာပြီးနောက် တရုတ်နိုင်ငံကလည်း အမြန်ဆုံးလှုပ်ရှားခဲ့ပါတယ်။ တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံကို ကူညီရေးပစ္စည်း လေးသုတ် ရှေ့ဆင့်နောက်ဆင့်ပို့ဆောင်ခဲ့ပြီး တရုတ်နိုင်ငံအစိုးရ၊ တပ်မတော်ကလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ၃ ဖွဲ့ကို မြန်မာနိုင်ငံကို လာရောက် အရေးပေါ် ကူညီဖို့ စေလွှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီအဖွဲ့အစည်း၊ တရုတ်နိုင်ငံပြည်တွင်းက ပရဟိတအဖွဲ့အစည်းများနဲ့ အစိုးရ မဟုတ်သော အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံကို ရောဂါကာကွယ်ရေးသုံးပစ္စည်းတွေ သဒ္ဓါတရားထက်သန်စွာ ကူညီပေးအပ်ခဲ့ပါတယ်။ နှစ်နိုင်ငံ သက်ဆိုင်ရာဌာနနဲ့ ဒေသန္တရအစိုးရရဲ့ အတူတကွကြိုးပမ်းမှုအောက်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရောဂါတိုက်ဖျက်ရေး ဆေးကုသရေးလုပ်ငန်းအဖွဲ့က တရုတ်နိုင်ငံက လှူဒါန်းတဲ့ စက်ပစ္စည်းအပြည့်အစုံကိုသယ်ဆောင်ပြီး မန္တလေးကို လာရောက်ခဲ့ပါတယ်။ ၃ ရက်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး COVID-19 ရောဂါပိုးဓာတ်ခွဲခန်းကို တည်ဆောက်ပေးခဲ့တဲ့အပြင် မြန်မာနိုင်ငံအတွက်လည်း ရောဂါတိုက်ဖျက်ရေး ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း လေ့ကျင့်ပေးခဲ့ပြီး မြန်မာနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်တဲ့ စွမ်းရည်ကိုလည်း မြှင့်တင်ပေးခဲ့ပါတယ်။
လက်ရှိမှာ COVID-19 ရောဂါက တစ်ကမ္ဘာလုံးမှာ ဆက်လက်ကူးစက်ပျံ့နှံ့နေပါတယ်။ အမေရိကန်က ရောဂါရင်ဆိုင်ရာမှာ လွဲမှားပြီး ကိုယ့်အရေးတောင် ကိုယ်လှည့်မကြည့် နိုင်တဲ့အပြင် တခြားနိုင်ငံကိုလည်း တာဝန်လွှဲချနေပါတယ်။ မြန်မာနိုင်ငံက ပညာရှင်တစ်ယောက်က ဆောင်းပါးထဲမှာ “ဘောလုံးရှုံးသွားတဲ့ ဘောလုံးအသင်း တစ်သင်းက ပွဲမနိုင်တာနဲ့ ဘောလုံးကွင်းမှာ ရန်စသလိုပဲ” လို့ ရေးထားသလိုပါပဲ။ COVID-19 ရောဂါက လူသားအားလုံးရင်ဆိုင်ရတဲ့ တူညီတဲ့ စိန်ခေါ်မှုဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက တစ်လှေတည်းစီး တစ်ခရီးတည်းသွားပြီး လက်တွဲရင်ဆိုင်ဖို့လိုပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံကြားမှာ “အခက်အခဲကြားမှာကူညီ” သလို အပြန်အလှန် ကူညီတာက “တစ်လှေတည်းစီး တစ်ခရီးတည်းသွားပြီး အခက်အခဲအတူကျော်ဖြတ်” တဲ့ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အပြည့်အဝပေါ်လွင်စေပါတယ်။ မြန်မာနိုင်ငံ ခေါင်းဆောင်၊ ဌာနဆိုင်ရာဝန်ကြီး၊ ဒေသန္တရအစိုးရနဲ့ ပြည်သူများကလည်း တရုတ်နိုင်ငံက ပြည်တွင်းရောဂါအခြေအနေ အနည်းငယ် သက်သာတဲ့အခြေအနေမှာ မြန်မာနိုင်ငံကို အမြန်ဆုံး ကူညီမှုတွေ ပေးအပ်တာကို အပြည့်အဝ အသိအမှတ်ပြုပြီး  ကျေးဇူးတင်ရှိ ကြပါတယ်။
၂။ နှစ်နိုင်ငံ New Normal ရောဂါကာကွယ်တဲ့ကာလအတွင်းမှာ တစ်ဖက်မှာ ရောဂါ ကာကွယ်ထိန်းချုပ်မှုကို ကောင်းအောင်လုပ်ထားရပြီး တစ်ဖက်မှာလည်း ပုံမှန် ကုန်သွယ်ရေးနဲ့ လူပုဂ္ဂိုလ်သွားလာဆက်ဆံရေးကို အာမခံပြီး စီမံကိန်းပုံမှန်ဖော်ဆောင်မှုနဲ့ နှစ်နိုင်ငံပြည်သူတွေရဲ့ ဝင်ငွေနဲ့ အလုပ်အကိုင်ကို ထိန်းသိမ်းရပါတယ်။ ဒီနှစ်ဖက်ကို ညီမျှအောင် ဘယ်လိုလုပ်ဆောင်မလဲ။
နှစ်နိုင်ငံက ရောဂါကို ပူးတွဲကာကွယ်ထိန်းချုပ်ပြီး နှစ်နိုင်ငံလုံးရဲ့ ရောဂါအခြေအနေကလည်း သက်သာသွားတဲ့အခြေအနေမှာ နှစ်ဦးနှစ်ဖက်က သီးသန့်တွေ့ဆုံညှိနှိုင်းတဲ့ယန္တရားကို ထူထောင်ပြီး ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုထိန်းသိမ်းရေး နှစ်မျိုးလုံးမထိခိုက်အောင် အစွမ်းကုန်လုပ်ဆောင်နေပါတယ်။ လူပုဂ္ဂိုလ်၊ ပစ္စည်း အသွားအလာကဏ္ဍက အခက်အခဲအတွက် နှစ်နိုင်ငံက “အမြန်လမ်းကြောင်း” ကို ထူထောင်ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးစီမံကိန်း အပါအဝင် ဝန်ထမ်းပေါင်း ၄၀၀ ကျော်ကို အသုတ်ခွဲပြီး လုပ်ငန်းခွင် ပြန်ဝင်ဖို့ညှိနှိုင်းထားကာ COVID-19 ရောဂါကာလအတွင်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်ဖော်ဆောင်ဖို့အတွက် အာမခံပေးပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ကလည်း အထည်ချုပ်လုပ်ငန်းတွေ COVID-19 ရောဂါကြောင့်ထိခိုက်မှုကို ကျော်လွှားရာမှာ ကူညီပေးပါတယ်။ Chinese  Enterprise Chamber of Commerce in Myanmar (CECCM) China Textile & Garment Association in Myanmar က လေကြောင်းလိုင်းကုမ္ပဏီနှင့် ယာယီ စင်းလုံးငှားကုန်တင်လေယာဉ် စီစဉ်ကာ ကွမ်ကျိုးမှ ရန်ကုန်သို့ ကုမ္ပဏီများ အရေးပေါ်လိုအပ်လျက်ရှိတဲ့ ကုန်ကြမ်းများ ပို့ဆောင်လာပြီး ကုန်ကြမ်းပစ္စည်း ပြတ်တောက်တဲ့ ပြဿနာကို ဖြေရှင်းခဲ့ပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့အနီး လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုက တရုတ် အင်ဂျင်နီယာ မြန်မာနိုင်ငံကို အရေးပေါ်လာရောက်ပြီး စက်အစိတ်အပိုင်းလဲလှယ်ပေးဖို့ လိုအပ်လာပါတယ်။ ဒ့ါအပြင် “အမြန်လမ်းကြောင်း” ကတစ်ဆင့် စီစဉ်ဖို့လည်း အချိန်မမီတော့ပါဘူး။ ကောင်စစ်ဝန်ချုပ်ရုံးက ဒီအကြောင်းကိုသိရှိတာနဲ့ အမြန်ဆုံး ပါဝင်ကာ ပြည်တွင်းလေကြောင်း ကုမ္ပဏီနဲ့ ညှိနှိုင်းခဲ့ပါတယ်။ နှစ်နိုင်ငံရောဂါကာကွယ်ရေး အစီအမံနဲ့ ကိုက်ညီတဲ့အခြေအနေအောက်မှာ တရုတ်နိုင်ငံကဝန်ထမ်းများ အချိန်မီ မြန်မာနိုင်ငံကို လာရောက်ဖို့ စီစဉ်ခဲ့ပြီး မြန်မာနိုင်ငံ ရေအားလျှပ်စစ်စက်ရုံ ဘေးကင်းစွာ လည်ပတ်မှုကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က ကျန်းမာကြောင်းအစီရင်ခံတင်ပြမှုဖော်ဆောင်ခြင်း၊ “ဦးစားပေးလမ်းကြောင်း” ဖွင့်ပေးခြင်း၊ စေလွှတ်တဲ့လူဦးရေတိုးခြင်း၊ နောက်ကျမှ ဂိတ်ပိတ်ခြင်း၊ အကောက်ခွန်မှထုတ်ယူတဲ့ အစီအစဉ်မြှင့်တင်ခြင်း စတဲ့အစီအမံတွေ လုပ်ဆောင်ပြီး နယ်စပ်ကုန်သွယ်ရေးတည်ငြိမ်မှုနဲ့ ပုံမှန်ဖော်ဆောင်မှုကို အာမခံဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဥပမာအားဖြင့် နှစ်နိုင်ငံရဲ့ အဓိကနယ်စပ် ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ရွှေလီနဲ့ဝမ်တိန်တို့မှာ ယခု နေ့စဉ် ယာဉ်အစီးရေ ၁၀၀၀ ဖြတ်သန်းတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိနေပါပြီ။ ယူနန်ပြည်နယ် တယ်ဟုန် ပြည်နယ်ခွဲနဲ့ မြန်မာနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနတို့က သီးသန့်ဆွေးနွေးပွဲကျင်းပပြီး နယ်စပ်ကုန်သွယ်ရေး လက်ရှိအခြေအနေကို လေ့လာကာ COVID-19 ရောဂါအခြေအနေအောက်မှာ နယ်စပ်ဖြတ်ကျော်မယ့် ကုန်ပစ္စည်းတွေ ကြန့်ကြာတဲ့ ပြဿနာဖြေရှင်းဖို့ အစီအမံတွေကို ဆွေးနွေးးခဲ့တဲ့အပြင် နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှု မြှင့်တင်ရေး၊ လယ်ယာထွက်ကုန်ပစ္စည်းများ ပိုးမွှားကင်းစင်ကြောင်း စစ်ဆေးရေး၊ နယ်စပ်ဂိတ် တိုးချဲ့ဖွင့်လှစ်ရေးနဲ့ အခြေခံ အဆောက်အအုံတည်ဆောက်ရေးနဲ့ အဆင့်မြှင့်တင်မှု၊ စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံ ပူးပေါင်းဆောင်ရွက်မှုနဲ့ တရုတ်ယွမ်ငွေမြန်မာကျပ်ငွေနဲ့စာရင်းရှင်းခြင်း စတာတွေကို အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။ လက်ရှိမှာ ရောဂါက လုံးဝမသက်သာသေးပဲ ပုံမှန် နယ်စပ် ကုန်သွယ်ရေးဖော်ဆောင်မှုအပေါ် ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံနဲ့အတူ တွဲဖက်လုပ်ဆောင်မှုကိုမြှင့်တင်ပြီး မြန်မာနိုင်ငံက မူဆယ်ဒေသ ဆက်သွယ်ရေး အဆင်ပြေချောမွေ့မှု၊ လမ်းတံတားဖြည့်စွက်တည်ဆောက်မှု၊ အမြန် လမ်းကြောင်း ဖော်ဆောင်မှု စတဲ့ကဏ္ဍတွေမှာ ပိုမိုများပြားတဲ့ အစီအမံတွေ ညှိနှိုင်း ဖော်ဆောင်သွားလိုပါတယ်။
COVID-19 ရောဂါအလွန်မှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်ဖော်ဆောင်မှုကိုကြည့်မယ်ဆိုရင် နှစ်နိုင်ငံက မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဌာန၊ ယူနန်ပြည်နယ်အစိုးရနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရတို့အကြား အွန်လိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ဒီဂျစ်တယ်စီးပွားရေးနှင့် e-commerce စတဲ့ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု ပုံစံအသစ် မြှင့်တင်ရေးအတွက် နောက်တစ်ဆင့်နဲ့စပ်လျဉ်းပြီး ချိတ်ဆက်ခဲ့ပါတယ်။ ဒါက နှစ်ဦးနှစ်ဖက် လက်တွဲပြီး COVID-19 ကြောင့် နှစ်နိုင်ငံ ကုန်သွယ်ရေးအပေါ် ထိခိုက်မှုကို လက်တွဲကျော်ဖြတ်ရေး၊ စိန်ခေါ်မှုကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပြီး ပြည်သူ လူနေမှုဘဝကို အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်တိုးတက်မှုကို အတူတကွ ရှာဖွေရေးအတွက်လည်း အလွန်အရေးပါတဲ့ အနက်အဓိပ္ပာယ်ရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ရာမှာလည်း “ယခုအကြိမ် ဆွေးနွေးပွဲက မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနဲ့ ဘက်စုံပူးပေါင်း ဆောင်ရွက်မှုကို သက်ဝင်လှုပ်ရှားစွာ ပေါ်လွင်စေပါတယ်။ COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနဲ့အတူ လူနေမှုဘဝများ ပုံမှန်လည်ပတ်နိုင်ရေးဆိုတဲ့ ကပ်ရောဂါနဲ့ အတူယှဉ်တွဲနေထိုင်တဲ့ New Normal အခြေအနေအောက်မှာ မြန်မာ-တရုတ်နှစ်နိုင်ငံက ခက်ခဲလှတဲ့စိန်ခေါ်မှုကို ရင်ဆိုင်နေရတဲ့အပြင် အခွင့်အလမ်းအသစ်များစွာလည်းရှိပါတယ်။ နှစ်ဦးနှစ်ဖက်က ဒေသန္တရတိုင်းနဲ့ပြည်နယ်က အားသာချက်တွေ အသုံးချဖို့ အားပေးပြီး ဒီဂျစ်တယ်စီးပွားရေးနဲ့ e-commerce အပါအဝင် လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်တာက မြန်မာ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအတွက် အနှစ်သာရအသစ် ထည့်သွင်းပေးလိုက်ပြီး မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် အားအင်သစ် လောင်းပေးလိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၃။ နိုင်ငံတကာနာမည်ကျော်သုတေသနအဖွဲ့အစည်းဖြစ်တဲ့ Oxford Business Group (OBG) က လတ်တလောမှာထုတ်ပြန်တဲ့စစ်ဆေးမှုအစီရင်ခံစာမှာ တရုတ်နိုင်ငံစီးပွားရေး ပြန်လည် နိုးထလာတဲ့ အပြုသဘောဆောင်တဲ့သက်ရောက်မှုကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်နိုးထမှုနှုန်းကလည်း အာဆီယံနဲ့ နိုင်ငံတကာပျမ်းမျှအခြေအနေထက် မြန်ဆန်လာတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာ တရုတ်-မြန်မာနှစ်နိုင်ငံက “Belt and Road” နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံကို အတူတကွတည်ဆောက်နေပြီး တချို့ တရုတ်ကုမ္ပဏီတွေကလည်း တက်တက်ကြွကြွ လုပ်ငန်းပြန်လည်စတင်နေပါတယ်။ ကောင်စစ်ဝန်ချုပ်က အခုနောက်ဆုံး အခြေအနေကို ရှင်းပြပေးလို့ရမလား။ ဒီစီမံကိန်းတွေက စွမ်းအင်၊ လျှပ်စစ်ဓာတ်အား၊ ပြည်သူ့အကျိုးပြုလုပ်ငန်း စတဲ့ နယ်ပယ်တွေမှာ မြန်မာနိုင်ငံပြည်သူတွေအပေါ် ဘယ်လို အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိပါသလဲ။
သမ္မတ Mr. Xi Jinping ရဲ့ နှစ်ဦးပိုင်းမြန်မာနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံခေါင်းဆောင်က “Belt and Road” အတူတကွတည်ဆောက်မှုကို တွန်းအားပေးဖော်ဆောင်ဖို့ သဘောတူညီချက် အသစ်တွေ ရရှိခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်ရဲ့ သက်ဆိုင်ရာဌာနတွေကလည်း COVID-19 ကြောင့် ဖြစ်ပွားတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ပြီး တိုးတက်မှုအသစ်တွေ ဖော်ဆောင်ထားပါတယ်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အရေးပါစီမံကိန်းတွေကလည်း တိုးတက်မှုအသစ်တွေ အဆက်မပြတ် ရရှိနေပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ လက်တွေ့လည်ပတ်မှု အဆောက်အအုံကို တည်ဆောက် ပြီးတဲ့အပြင် ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဒေသန္တရ လုပ်ငန်းအဖွဲ့ကလည်း အဆင်ပြေချောမွေ့စွာ ချိတ်ဆက်ပြီး ဖြစ်ပါတယ်။ နှစ်နိုင်ငံရဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနနဲ့ ကုမ္ပဏီတွေကလည်း မူဆယ်-မန္တလေးလမ်းပိုင်း ရထားလမ်းတည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေအစီရင်ခံစာရလဒ်ကို တက်တက်ကြွကြွ ဖော်ဆောင်နေပြီး မန္တလေး-ကျောက်ဖြူလမ်းပိုင်း ရထားလမ်းရဲ့ အကြို ဖြစ်နိုင်ခြေ လေ့လာမှုလုပ်ငန်းတွေကို ဖော်ဆောင်နေပါတယ်။ အထက်ပါစီမံကိန်းတွေကို အဆင်ပြေပြေ ဖော်ဆောင်နိုင်ရင် မြန်မာနိုင်ငံအနောက်ပိုင်းနဲ့ မြောက်ပိုင်းဒေသကို အချိန်တိုအတွင်းမှာ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာစေပြီး နှစ်နိုင်ငံ လျှပ်စစ်စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းစတဲ့ နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ဖြစ်ထွန်းလာစေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပထမဆုံး ပူးပေါင်းဆောင်ရွက်မှုရလဒ်ကိုခံစားရမှာက မြန်မာနိုင်ငံက အများပြည်သူတွေ အထူးသဖြင့် တရုတ်-မြန်မာစီးပွားရေး စင်္ကြံတစ်လျှောက်က ပြည်သူတွေပဲ ဖြစ်ပါလိမ့်မယ်။
ဒါ့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ကွမ်းလုံတံတားကို ကူညီတည်ဆောက်ပေးမယ့် စီမံကိန်းကလည်း စတင်နေပါပြီ။ တည်ဆောက်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်ဒေသ ဆက်သွယ်ရေးနဲ့ ကုန်စည် စီးဆင်းမှု အခြေအနေကို အလွန်ကောင်းမွန်လာစေကာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ ပတ်ဝန်းကျင်လည်း အလွန်ကောင်းမွန်လာပြီး နှစ်နိုင်ငံပြည်သူတွေကို တိုက်ရိုက် အကျိုးပြုစေမှာဖြစ်ပါတယ်။