邹立莹

ချင်းဟိုင်-ရှီးဇန့် ကုန်းပြင်မြင့်ရှိ အကြီးဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ် တတိယအဆင့် တိုးချဲ့ရေးလုပ်ငန်းကို တရားဝင် စတင်လည်ပတ်

(GMT+08:00)2020-08-25 15:00:17  

ရှီးနင်းလေဆိပ် တတိယအဆင့် တိုးချဲ့ရေးလုပ်ငန်း စတင်လည်ပတ်ရေး အခမ်းအနားကို ၂၄ရက်နေ့က ရှီးနင်းလေဆိပ်၌ ကျင်းပခဲ့ကြောင်း၊ ချင်းဟိုင်-ရှီးဇန့် ကုန်းပြင်မြင့်ရှိ အကြီးဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ် တတိယအဆင့် တိုးချဲ့ရေးလုပ်ငန်း တရားဝင် စတင်လည်ပတ်ခြင်းကို ပြသထားကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ရှီးနင်းလေဆိပ်သည် ချင်းဟိုင်-ရှီးဇန့် ကုန်းပြင်မြင့်ရှိ အကြီးဆုံး အရပ်ဘက်သုံး အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည်။ လက်ရှိအချိန်အထိ တိုကျို၊ ကွာလာလမ်ပူ၊ ဘန်ကောက်၊ နာထရန် နှင့် SiemReap ဆိုင်ရာ နိုင်ငံတကာလေကြောင်းလိုင်း ၅လိုင်း နှင့် ဘုရားဖူး စင်းလုံးငှါးလေယာဉ်တို့ ဖွင့်လှစ်လည်ပတ်နေပါသည်။