邹立莹

လန်ချန်း-မဲခေါင် နိုင်ငံများ ကံကြမ္မာ အသိုက်အဝန်းကို တည်ထောင်ရန် ကြိုးပမ်းမည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဆို

(GMT+08:00)2020-08-25 11:22:38  

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တတိယအကြိမ် ခေါင်းဆောင်များ ဗီဒီယို အစည်းအဝေးကို ယခုလ ၂၄ ရက်နေ့က ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဗီယင်ကျမ်း ကြေညာစာတမ်းကို ထုတ်ပြန်ပြီး တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် အပါအဝင် လန်ချန်း-မဲခေါင် ၆ နိုင်ငံတို့၏ အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို ဘက်စုံ ချမှတ်ထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချင်ဟိုင်က၊ လွန်ခဲ့သည့် လေးနှစ်အတွင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစနစ်သည် မြန်မာနိုင်ငံ၌ အောင်ကျိုးရလဒ် များစွာ ရရှိခဲ့ကြောင်း၊ အရပ်သူအရပ်သားများအတွက် လက်တွေ့ကျသည့် အကျိုးစီးပွါးများကို ဆောင်ကြဉ်းပေးလာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အပါအဝင် မဲခေါင် မြစ်ဝှမ်း နိုင်ငံများနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး လန်ချန်း-မဲခေါင် နိုင်ငံများ ကံကြမ္မာ အသိုက်အဝန်းကို လက်တွဲ တည်ထောင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး သံအမတ်ကြီး ချင်ဟိုင်က၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရန် ရှေ့ဆောင် အဆိုပြုချက်တင်ပြသည့်နိုင်ငံ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၄ နှစ်အတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သီးသန့် ရန်ပုံငွေဆိုင်ရာ လုပ်ငန်းစဉ် ၅၁ ခုကို ဆောင်ရွက်ခဲ့ပြီ ဖြစ်ပြီး အပြန်အလှန် ဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးမှု၊ ဆင်းရဲမှု လျှော့ချရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး၊ စွမ်းရည် ထူထောင်မှု၊ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး၊ အမျိုးသမီးနှင့် လူငယ်ရေးရာ အစရှိသည့် နယ်ပယ်များ ပါဝင်ထားကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါတယ်။