邹立莹

လီခေ့ချန်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တတိယအကြိမ် ခေါင်းဆောင်များ ဗီဒီယိုအစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2020-08-24 23:14:12  

တရုတ် နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၂၄ ရက်နေ့ နံနက်ပိုင်းက ပီကင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တတိယအကြိမ် ခေါင်းဆောင်များ ဗီဒီယိုအစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ လာအိုဝန်ကြီးချုပ် သွန်လွန်၊ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟုန်စိန်၊ မြန်မာသမ္မတ ဦးဝင်းမြင့်၊ ထိုင်းဝန်ကြီးချုပ် ဘရာယွတ်နှင့် ဗီယက်နမ် ၀န်ကြီးချုပ် နွမ်ရွှမ်ဖူတို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း China Media Group မှ သတင်းအရသိရပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က လန်ချန်း-မဲခေါင် ၆ နိုင်ငံသည် တစ်ရေတည်းသောက်ခြင်း ဖြစ်ပြီး တစ်မိသားစုတည်းလို ခင်မင်ရင်းနှီးပါကြောင်း၊  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးသည် နိုင်ငံအသီးသီးမှ ပြည်သူများအား ထိရောက်သော အကျိုးစီးပွါးများကို ဆောင်ကြဉ်းပေးလာကြောင်း ပြောကြားခဲ့ပါသည်။

လီခေ့ချန်သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ အဆိုပြုချက် ၆ ရပ်ကို တင်ပြထားပါသည်။

မြန်မာနိုင်ငံသည် လာမည့်အကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ သဘာပတိနိုင်ငံ အဖြစ် ထမ်းဆောင်မည် ဖြစ်ပါသည်။