邹立莹

တရုတ်နိုင်ငံသည် လန်ချန်းမြစ် တစ်နှစ်လုံး ဇလဗေဒသတင်းအချက်အလက်များကို မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် မျှဝေခံစားမည်ဟု လီခေ့ချန်ဆို

(GMT+08:00)2020-08-24 23:13:35  

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၂၄ ရက်နေ့က ပေကျင်း၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး တတိယအကြိမ် ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ရာတွင် တရုတ်နိုင်ငံသည် ယခုနှစ်ကစပြီး လန်ချန်းမြစ် တစ်နှစ်လုံး ဇလဗေဒ သတင်းအချက်အလက်များကို မဲခေါင်မြစ်ဝှမ်းနိုင်ငံများနှင့် မျှဝေ ခံစားပြီး ရာသီဥတုပြောင်းလဲမှု၊ ရေဘေးနှင့် မိုးခေါင်ရေရှားမှုကို ပိုမိုကောင်းမွန်အောင် ရင်ဆိုင်ဖြေရှင်းရန် လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု သတင်းအချက်အလက် အတူမျှဝေခံစားရေး ပလက်ဖေါင်းကို အတူ တည်ထောင်မည် ဖြစ်ကြောင်း၊ ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ရေအရင်းအမြစ် ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်ကို အချိန်မှန် ကျင်းပပြီး လန်ချန်း-မဲခေါင် ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှု ၅ နှစ်လုပ်ငန်း စီမံကိန်း (၂၀၁၈-၂၀၂၂) ကို လက်တွေ့ကျ ဖေါ်ဆောင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။