ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမကြိမ် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲ သည် တာဝန်များ ဆက်လက်ထမ်းဆောင်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက် ကို မကြာသေးခင် က တရုတ်နိုင်ငံ ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဖရင့် အမြဲတမ်းကော်မတီ၏ ၂၁ ကြိမ်မြောက်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အပေါ် လာအိုရောက် တရုတ်နွယ်ဖွား လာအိုနှင့် တရုတ်ငြိမ်းချမ်းပေါင်းစည်းရေး တိုးမြှင့်မှုအဖွဲ့ ဥက္ကဋ္ဌ ကျန်းကွေးလုန်က China Media Groupမှ သတင်းထောက်နှင့် အင်တာဗျူးရာတွင် သူ၏ ထင်မြင်မှုများကို ပြောကြား ခဲ့သည်။ ယင်းသို့ဆုံးဖြတ်ချက်ချခြင်း သည် တရုတ်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို၎င်း၊ တရားဥပဒေများကို၎င်း၊ စည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း လိုက်နာခြင်း ဖြစ်ပြီး တရားနည်းလမ်းလည်းကျသည့် အတွက် လာအိုရောက်တရုတ်နွယ်ဖွားတို့သည် ယင်းဆုံးဖြတ်ချက်ကို အမြဲ အားပေးထောက်ခံသည်။ ဟောင်ကောင်ရေးရာသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ပြီး အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ကျန်းကွေးလုန်က ပြောကြားခဲ့သည်။