တရုတ်လုပ်ငန်းကုမ္ပဏီများ ပြည်ပသို့ သွားရောက် ရင်းနှီးမြှုပ်နှံရေး မဟာဗျူဟာကို အဆက်မပြတ် တွန်းအားပေးခြင်းနှင့် တရုတ်-အာဆီယံ လွပ်လပ်သော ကုန်သွယ်ရေးဇုန်၊ မဟာမဲခေါင်မြစ်ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး နက်ရှိုင်းလာသည်နှင့်အမျှ တရုတ်နှင့် လာအို နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပမာဏသည် အဆက်မပြတ် တိုးများလာနေပါသည်။ လာအို-တရုတ်ဘဏ်သည် လာအိုနိုင်ငံ၏ ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းကို တက်ကြွစွာ ထောက်ခံအားပေးပြီး လာအို စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးကာ လူမှုရေးတာဝန်ဝတ္တရားများကို လက်တွေ့ကျကျ ထမ်းဆောင်၍ လာအိုလုပ်ငန်းကုမ္ပဏီများ၏ ကြိုဆိုမှု ရရှိခဲ့ရသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။