马宁

၉၅ကြိမ်မြောက် တရုတ်၊လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်တစ်လျှောက် တရားဥပဒေ စိုးမိုးရေးနှင့် ပူးပေါင်းရေးဆိုင်ရာ ကင်းလှည့်ရေးလုပ်ငန်းစဉ် စတင်

(GMT+08:00)2020-07-24 11:48:51  

  တရုတ်နိုင်ငံတရားဥပဒေစိုးမိုးရေးသင်္ဘော ၂ စီးသည် ၂၁ရက်နေ့၊ နံနက်၉နာရီတွင် ၄ရက်ကြာကင်းလှည့်မှုအဖြစ် စစ်ဆောင်ပန်းနားရှိ ကျင်ဟား ဆိပ်ခံတံတားမှ စတင် ထွက်ခွါပြီး တရုတ်၊လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ပူးပေါင်းကင်းလှည့်ရေး လုပ်ငန်းကို ၉၅ကြိမ်မြောက်အဖြစ် တရားဝင်စတင်ပြုလုပ်ခဲ့သည်။

  ယင်းအပြင် ကိုဗစ် ၁၉ ရောဂါကို တိုက်ဖျက်သည့်အနေဖြင့် တရုတ်၊လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံတို့သည် ဗီဒီယိုနည်းလမ်းဖြင့် လုပ်ငန်းဆိုင်ရာ ကူးလူးဖလှယ်ရေး အစည်းအဝေးကို ကျင်းပပြီး မဲခေါင်မြစ်ချောင်းလုံခြုံရေးအခြေအနေကို လေ့လာကာ မဲခေါင်မြစ်တစ်လျှောက်  သေနတ်နှင့်မူးယစ်ဆေးဝါးစသည့် တရားမဝင်မှောင်ခိုပစ္စည်း တင်သွင်းမှုနှင့် ရာဇဝတ်မှုများပူးတွဲတိုက်ဖျက်ရေးများကို သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။