朱蕾

ရှင်းကျန်း တိုင်းရင်းသား လူမျိုးစု ပြည်သူများ ဘာသာယုံကြည်ကိုးကွယ်မှု ဆိုင်ရာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိ

(GMT+08:00)2020-07-19 09:38:50  

  ဘာသာယုံကြည်ကိုးကွယ်မှု အပေါ် လေးစားရေးနှင့် ထိန်းသိမ်းကာကွယ်ရေးသည် တရုတ်ပြည် တစ်လျှောက်လုံး ကျင့်သုံးသည့် ရေရှည် အခြေခံ မူဝါဒ တစ်ရပ်ဖြစ်သည်။ တရုတ် နိုင်ငံတော် ကောင်စီမှ ထုတ်ပြန်ကျင့်သုံးခဲ့သည့် “ဘာသာရေး စည်းမျဉ်း ဥပဒေ”နှင့် ရှင်းကျန်းမှ ရေးဆွဲချမှတ်ခဲ့သည့် “ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဘာသာရေး စည်းမျဉ်းဥပဒေ”တို့သည် “တရုတ်နိုင်ငံသား အနေနှင့် ဘာသာယုံကြည်ကိုးကွယ်ရေး လွတ်လပ်မှု ရှိခြင်း”နှင့် “တရုတ်ပြည် အနေနှင့် ပုံမှန် ဘာသာရေး လှုပ်ရှားမှုကို ထိန်းသိမ်းကာကွယ်သည် ဖြစ်ခြင်း” ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ အနှစ်သာရကို ပြသနေကြောင်း၊ ရှင်းကျန်းတွင် နိုင်ငံသား အနေနှင့် ဘာသာကိုးကွယ်မှု ရှိခြင်းမရှိခြင်းဆိုင်ရာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ ဘာသာရေးနေရာများတွင်ရော၊ ဘာသာရေး ဓလေ့ထုံးစံ အတိုင်း ကိုယ့်အိမ်တွင်ပါ နိုင်ငံသားများ ဆောင်ရွက်သော ပုံမှန် ဘာသာရေး လှုပ်ရှားမှု မှန်သမျှကို တရားဥပဒေ အရ ထိန်းသိမ်းကာကွယ်ပေးမည် ဖြစ်ကြောင်း၊ မည်သည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်မျှ ဝင်ရောက်စွက်ဖက်မှု မပြုရကြောင်း၊ သို့မဟုတ်လျှင် သက်ဆိုင်ရာ ဥပဒေ အရ ဝင်ရောက်စွက်သူများအား အရေးယူမည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။