ယခုလ ၃ရက်နေ့က ပီကင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ ကျောက်လိကျန်းက ဟောင်ကောင်ဆိုင်ရာ တရုတ် နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်း ကာကွယ်ရေး ဥပဒေ ထုတ်ပြန်ကျင့်သုံးခြင်းသည် ဟောင်ကောင်တွင် နိုင်ငံအသီးသီးမှ ရင်းနှီးမြှုပ်နှံသူများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ် ရန်အတွက် အကျိုးရှိကြောင်း၊ အနာဂတ်တွင် ဟောင်ကောင်ရှိ နိုင်ငံတကာ လုပ်ငန်းကုမ္ပဏီများသည် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာရှိ လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။