邹立莹

တရုတ်နိုင်ငံက ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေ ပြုရေးကို တွန်းအားပေးခြင်းသည် တရားနည်းလမ်းကျ၊ တရားဝင် ဖြစ်သည်ဟု လာအိုနိုင်ငံ သတင်းဌာန ဥက္ကဋ္ဌဆို

(GMT+08:00)2020-06-29 15:51:15  

မကြာမီက လာအိုနိုင်ငံသတင်းဌာနဥက္ကဋ္ဌ ဆောင်သွန်က China Media Group မှ သတင်းထောက်နှင့်တွေ့ဆုံရာတွင် တရုတ်နိုင်ငံက ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေပြုရေးကို တွန်းအားပေးခြင်းသည် ကိုယ့်နိုင်ငံ၏ ဥပဒေနှင့်အညီ အခွင့်အရေး ကျင့်သုံးခြင်း၊ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်ခွင့် ကျင့်သုံးခြင်းနှင့် နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်ကာ တရားနည်းလမ်းကျ၊ တရားဝင် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။