邹立莹

ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးဥပဒေပြုခြင်းသည် ဟောင်ကောင် စည်ပင်သာယာရေးကို ကာကွယ်ပေးနိုင်မည်ဟု ထိုင်း လွှတ်တော် ဥက္ကဋ္ဌဟောင်း ဆို

(GMT+08:00)2020-06-29 15:50:44  

မကြာခင်က ထိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ပိုချင်သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော်လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေး ဥပဒေပြုခြင်းကိစ္စနှင့် ပတ်သက်၍၊ ဟောင်ကောင်သည် တရုတ်ပြည်၏ တစ်စိတ်တစ်ပိုင်းဖြစ်သဖြင့် ဟောင်ကောင်တွင် မတည်ငြိမ်မှုများ ဖြစ်ပွားပါက တရုတ်အစိုးရက ပြဿနာဖြေရှင်းခြင်းသည် ပုံမှန်ပါကြောင်း၊ ယင်းသည် တရုတ်ပြည်တွင်းရေးပင်ဖြစ်ကြောင်း၊ ဟောင်ကောင်ဆိုင်ရာ နိုင်ငံတော် လုံခြုံမှု ထိန်းသိမ်းကာကွယ်ရေးဥပဒေသည် ဟောင်ကောင် ရေရှည် စည်ပင်သာယာရေးကို ထိန်းသိမ်းကာကွယ် ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။